Sunday, December 26, 2010

ဆက်တိုက်မက်ခဲ့ရသော အိပ်မက်များ အပိုင်း ၁


တလောကလုံး အိပ်စက်အနားယူရမယ့် အချိန်လို့ သတ်မှတ်ရမယ့် မနက် ၄ နာရီမှာ နယ်စပ်မြို့လေးတွေရဲ့ ထူးခြားချက် ကြောင့်လားတော့မသိ ဒီမြို့လေးကတော့ လှုပ်လှုပ်ရွရွနဲ့ စည်းကားနေပါတယ်။ ကြီးပွားချမ်းသာ ချင်နေတဲ့ ကျနော်တို့သူငယ်ချင်းနှစ်ယောက် အတွက်တော့ စိတ်လှုပ်ရှားစရာမြင်ကွင်းပါပဲ။

ထိုင်းမြန်မာနယ်စပ်မြို့ ကလေးဖြစ်တဲ့ မြ၀တီမြို့မှာနေတဲ့ ကျော်ဇင်ရဲ့ အကိုဝမ်းကွဲ ၀င်းမင်းကကျနော်တို့နှစ် ယောက်ကို သူတို့မြို့ကနေတဆင့် ထိုင်းနိုင်ငံမဲဆောက်မှာ စီပွားရှာလို့ကောင်းကြောင်း မစားရ၀မခန်းပြောပြ ပြီးလိပ်စာပေးသွားတဲ့အတွက် ကျနော်တို့နှစ်ယောက် တိုင်ပင်ပြီးရန်ကုန် ဆင်မလိုက်အဝေးပြေးဂိတ်မှတ ဆင့် မြ၀တီမြို့ကို ရောက်ခဲ့တာပါ။

မြန်မာပြည်မှာကလည်း စီးပွားရှာရတာ တဖြည်းဖြည်းနဲ့ကျပ်တည်းလာပါတယ်။ ရတဲ့လခနဲ့အသုံးစာရိတ် ပြန် တွက်လိုက်ရင် ဘယ်လိုမှကို ညီမျှခြင်းချလို့မရတဲ့ အခြေအနေပါဒါတောင်ကျနော်က တယောက်တည်းသမား ပါဘယ်သူ့ကိုမှထောက်ပံ့ ပေးစရာမလိုပါဘူး ကိုယ်ဘာသာရှာ ကိုယ့်ဘာသာဖြုန်း၊စု ကြိုက်သလိုလုပ်လို့ရပါ တယ်။ ကျနော်က လ္ဘက်ရည်ဆိုင်ကိုယ် ပိုင်ထောင်ချင်တာပါ အစုစပ်ရှယ်ယာသဘောမျိုး ထောင်ကြည့် ဖူးပါ တယ်အဆင်မပြေပါဘူး လ္ဘက်ရည်ဆိုင်ကရောင်း ကောင်းပေမယ့် ကိုယ့်နဲ့ရှယ်ယာဝင်ထားသူတွေရဲ့ မသမာ မှုကြောင့် ကျနော်သုံးဆိုင်တိတိ ထွက်ပေးလိုက်ရဖူးပါတယ်။

ဒါ့ကြောင့် နောက်တခါလ္ဘက်ရည်ဆိုင် ထောင်မယ်ဆိုရင် ကိုယ့်ဘာသာတယောက်တည်း ထောင်တော့မယ် ဆိုတဲ့ရည်ရွယ် ချက်နဲ့ပိုက်ဆံကို ကျိတ်စုနေတာပါ။ ကုန်ဈေးနှုန်းက ဒီနှစ်ဆိုင်နေရာ တသောင်းဆိုရင် နောင် နှစ် နှစ်သောင်ဆိုပြီး ခုန်ခုန် တက်လာပါတယ်။ ကျနော့်ရဲ့စုငွေကတော့ တနှစ်ထက်တနှစ်တက်တက်လာတဲ့ ကုန်ဈေးနှုန်းကို ဘယ်လိုမှလိုက်မမှီတော့ ပါဘူး ဒါနဲ့နောက်ဆုံး ၀င်းမင်းရဲ့အကြံပြုချက်အရကျနော်နဲ့ ကျော်ဇင် ထွက်လာခဲ့ရတာပါ။

မြ၀တီအဝေးပြေးဂိတ်မှာကားရပ်လိုက်တာနဲ့ ကျနော်တို့တွေ့ရတဲ့ အထက်ပါမြင်ကွင်းကြောင်း အားတက်သွား ပါတယ်နောက်ဝင်းမင်း ပေးထားတဲ့လိပ်စာအတိုင်း ထွက်လာခဲ့ပါတယ် သူပေးထားတဲ့လိပ်စာကတော့ အမှန် ပါပဲ ဒါပေမယ့်မမှန် တော့တာက ၀င်းမင်းတို့မိသားစု အဲဒီမြို့မှာမနေတော့ဘူး ဆိုတာကိုခြံတခါးတောင် မဖွင့် ပဲနဲ့ အလှူခံကိုပြောသလို့ ပြောလိုက်တာပါပဲ ကျနော်တို့နှစ်ယောက် ဘာကိုဆက်လုပ်ရမယ်မှန်းဆလို့မတတ် တော့ပါဘူး နောက်ကိုပဲပြန်လှည့်ရမလား ရှေ့ပဲဆက်တိုးရမလားဆိုတာ တော်တော့်ကိုဆုံးဖြတ်ရခက်သွားပါ တယ်။

မြ၀တီမြို့ ဆိုတာကိုစာထဲမှာတောင်မဖတ်ဖူးတဲ့ ကျနော်တို့နှစ်ယောက်အဖို့တော့ စိတ်ဓါတ်ကျစရာပါပဲဘာပဲ ဖြစ်ဖြစ် စိတ်ဓါတ်မကျဖို့အားမငယ်ဖို့ ကျော်ဇင့်ကိုနှစ်သိမ့်ရင်း လမ်းထိပ်လ္ဘက်ရည်ဆိုင်မှာ လ္ဘက်ရည်တ ယောက်တခွက်သောက်ရင်း ကျနော်တို့ဘာဆက်လုပ်ရင် ကောင်းမလဲဆိုတာကို တိုင်ပင်ကြပါတယ်။ ကျော်ဇင်ကတော့ ပြန်လှည့်ချင်ပါတယ် ကျနော် ကတော့ရောက်မှတော့ မထူးဘူးတုံးတိုက်တိုက် ကျားကိုက် ကိုက်ဆက်တိုးချင်ပါတယ်။

နောက်ဆုံးတော့ ကျနော့်အဆိုကို သူလက်ခံသွားပြီးဆက်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ လက်ထဲမှာတော့ လက်ကျန် ငွေတော်တော်ကိုခန်းနေပါပြီ ဒါနဲ့ ကျနော့်လည်ပင်းမှာဆွဲထားတဲ့ ဆွဲကြိုးဆိုင်းကိုထာဝရထွက် ခိုင်းလိုက်ရပါတယ် မတတ် နိုင်ဘူးလေ ရှိတန်ဆာ မရှိဝမ်းစာပေါ့.....ဆက်ပါဦးမယ်..



No comments:

Post a Comment