Monday, December 27, 2010

ဆက်တိုက်မက်ခဲ့ရသော အိပ်မက်များ အပိုင်း ၂


ကျနော်တို့နှစ်ယောက် တယောက်ကျောပိုးအိပ်တလုံးစီနဲ့ ဘယ်သွားလို့ဘယ်လာရမှန်း မသိယောင်လည်လည်နဲ့ ညမိုးချုပ်သွားပါတယ်။ ဒီလိုနဲ့ မြ၀တီမြို့ထဲမှာ လည်နေတုန်း သုံးဘီးနဲ့ ဆမ်မလော့ (အရပ်ခေါ်) သ္မားတယောက်က သူ့အိမ်မှာလိုက် အိပ်လို့ရကြောင်းနဲ့ တညကို မြန်မာငွေ ၂၀၀ ပေးရမှာဖြစ်ကြောင်း ပြောလာတော့ကျနော်တို့နှစ်ယောက်လည်း ၀မ်းသာအားရနဲ့လိုက်သွားပါတယ်။

အဲ့သည်အိမ်ကိုရောက်တော့ ကျနော်တို့လိုပဲ ဒုက္ခရောက်နေတဲ့ ကိုကျော်နဲ့ ကိုရဲလို့ခေါ်တဲ့ အသက် ၁၇၊ ၁၈ နီးပါးလူငယ် ၂ယောက်နဲ့မိတ်ဖွဲ့ဖြစ်ပါတယ်။ သူတို့ကလည်း ထိုင်းနိုင်ငံမှာရရာ အလုပ်လုပ်ပြီးပိုက်ဆံရှာ မှာ ဖြစ်တော့ရည်မှန်းချက်တူပြီးကျနော်တို့အဖွဲ့လေးတခု ဖွဲ့လိုက်ပါတယ်။ နောက်နေ့မနက်မှာတော့ ကျနော်တို့ မြ၀တီမဲဆောက် တံတားကြီးကိုဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းကို ထွက်ခဲ့ပါတယ်။ တံတားထိပ် ကို ရောက်တော့ ဂိတ်မှာတယောက်၂၀၀ ကျပ်နဲ့ဖြတ်သန်းခွင့် လက်မှတ်ဝင်ဖြတ်ရပါတယ်။

လက်မှတ်မှာတော့ထိုင်းမြန်မာ ၂ ဘာသာနဲ့ ထိုင်းနိုင်ငံမဲဆောက်မြို့ထဲကို ၂၄ နာရီလည်ပတ်လို့ရကြောင်း ရေးထားပါတယ်တံတားပေါ်တက်တော့ ယူနီဖောင်းဝတ် စုံတွဲတတွဲကစောင့်နေပါတယ် သည်နှစ်ယောက်က
ကျနော်တို့ကိုလှမ်းခေါ်ပြီးတယောက် ၂၀၀ ထပ်တောင်းပါတယ်၊ ကျနော်ကမသင်္ကာလို့ မေးတော့သူတို့ နှစ် ယောက်ကခပ်မာမာနဲ့ ဒီမှာထပ်ပေးရ တယ်လို့ပြောပါတယ်။ သူတို့မျက်လုံးတွေကလည်း မသင်္ကာစရာပါ

ဂိတ်ဘက်ကို ကျီးကန်းမျက်လုံးတွေနဲ့ လှမ်းလှမ်းကြည့် နေတာကိုတွေ့ရပါတယ် ဒါနဲ့ ကျနော်လည်းဒါဆိုဂိတ် ကိုသွားမေးမယ်ဆိုတော့မှ အမျိုးသ္မီးလုပ်သူက နေနေမောင်လေး အပြန်ကျမှ ပေးတော့ အခုတော့မယူတော့ ဘူးသွားသွားဆိုပြီး ပြာပြာသလဲ မဲဆောက်ဘက်ခြမ်းကို သွားခိုင်းပါတယ်။

ကျော်ဇင်ကတော့ စိုးရိမ်တကြီးနဲ့ မင်းကွာတော်တော်ရဲတာပဲ ငါတို့ကိုဖမ်းထားရင်ဘယ်လိုလုပ်မလဲ လို့ကြိတ် ပြီးပြောပါတယ်။ ကျနော်ကတော့ လူညစ်ပါတ်တွေ အကြောင်းထွေတထူး ရှင်းပြမနေတော့ပဲမဲဆောက်ဘက် ကိုထွက်ခဲ့ပါတော့တယ်။

ကျနော်တို့လေးယောက်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ကိုကျော် (ခ) ကိုကြီးကျော်ဦးဆောင်မှုနဲ့ မယ်တော် ဘုန်းကြီး ကျောင်းကိုလမ်းလျှောက်သွားကြပါတယ်။ အခြားသူတွေပြောပြချက်အရ အဲသည့်ဘုန်းကြီးကျောင်းထဲကိုထိုင်း အလုပ်ရှင်တွေကသူတို့အလုပ်သ္မားလိုရင် လာရှာလေ့ရှိကြောင်းနဲ့ ထိုင်းရဲတွေကလည်း သည်ကျောင်း ၀င်းထဲမှာ ရှိနေတဲ့မြန်မာပြည်သားတွေကိုမဖမ်းဘူးဆိုတာပါ။ ဖြစ်နိုင်ပါတယ် ကျနော်တို့ရောက်တော့ မြန်မာ ပြည်သားတွေကို ဟိုတစု သည်တစု တွေနေရပါတယ်။

ရောက်ရောက်ချင်းပဲ နားစရာအရင်ရှာပြီးနားကြပါတယ် နေရာကတော့ ညောင်ပင်ကြီးနဲ့မျက်နှာချင်ဆိုင် ဘုရားဆင်းတုတော်တွေရှိတဲ့ ဇရပ်မှာပါ ကျနော်တို့လေးယောက် ရှိသမျှပိုက်ဆံတွေကို စုလိုက်တော့ တ သောင်းနှစ်ထောင်လောက်ကျန်ပါသေးတယ်၊ ကျနော်တို့အားလုံးတိုင်ပင်ပြီး ပေါင်မုန့်နဲ့ဆေးလိပ်ဝယ်လိုက် ပါတယ် လေးယောက်လုံးကဆေးလိပ်သောက်တတ်တာမို့ ဆေးလိပ်ကလည်း အရေးပါလှပါတယ်။ ဘုန်းကြီး ကျောင်းကထ္မင်းကတော့ တယောက်မှသွားမစားရဲပါဘူး ရှက်တာရော ကြောက်တာကြောင့်ပါ။.....

No comments:

Post a Comment