.... “မတရားမှုတခုမှာ "ကြားနေ"တယ်ဆိုရင်... သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူပါပဲ” “If you are neutral in a situation of injustice, you have chosen to side with the oppressor.” (ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)...
Showing posts with label့ မြ၀တီ တိုက်ပွဲ. Show all posts
Showing posts with label့ မြ၀တီ တိုက်ပွဲ. Show all posts

Tuesday, November 9, 2010

မြ၀တီ နောက်ဆုံး သတင်း

ထိုင်းမြန်မာနပ်စပ် (၁) ဂိတ် (၂) ဂိတ်နှင့် ရေလယ်ကျွန်းတို့တွင် စစ်ပြေးဒုက္ခသည်များ အအေးမိ ချောင်းဆိုး ဖျားနာမှုများ ဖြစ်နေကြကြောင်း သိရသည်။

ရေလည်ကျွန်းနှင့် ကမ်းပါးပေါ်ရှိ ရွာငယ်၊ တဲငယ်များတ၀ိုက်တွင် စစ်ပြေးဒုက္ခသည်များ ၅၀၀ ကျော်ခန့် ဖြစ် သလိုနေထိုင် စားသောက်နေရရာကျန်းမာရေး ချို့ယွင်းလာကြကြောင်း သွားရောက် ဆေကုသပေးနေသော စေတနာ့ ၀န်းထမ်း ဆေးအဖွဲ့များမှ ပြောကြားသည်။

ကလေးငယ်များမှာ အအေးမိနှာစေး ချောင်းဆိုးဖြစ်လာကြပြီး ကိုယ်ဝန်ဆောင်များ မှာလည်း သွေးအားနည်း နေကြောင်းသိရသည်။ အများစုမှာ အအေးမိပြီးဖျားနာသူများကို ကုသပေးနေခြင်း ဖြစ်ကြောင်း သတင်းရရှိ သည်။
ံ
ဖြစ်ပွားပုံမှာ မြ၀တီကမ်းဘက်သို့ ပြန်သွားသော ဒုက္ခသည်များသည် ထိုင်းဘက်သို့ပြန်လာရာ နေစရာမရှိ၍ ရေလည်ကျွန်းနှင့် ချောင်းစပ် တွင်နေကြရာမှ ယ္ခုခဲ့သို့ ကျန်းမာရေး ချို့ယွင်းလာကြောင်း သိရသည်။

PAC 2010