Labels
- ၀တ္ထု
- ၀တ္ထုတို
- ရုပ်ရှင်
- ရုပ်ရှင် သတင်း
- ရုပ်သံ သတင်း
- E book
- English
- ကဗျာ
- ကွန်ပြူတာနည်းပညာ
- ကျနော့်ချစ်သူ
- ခရစ်တော်
- ဂီတ သတင်း
- စာပေ သတင်း
- တိုက်တွန်းနှိုးဆော်ချက်
- ဓါတ်ပုံ
- ပညာရေး သတင်း
- ပုံပြင်
- ဘာသာရေး သတင်း
-့ မြ၀တီ တိုက်ပွဲ
- လူမှုရေး သတင်း
- သတင်း
- သတင်းဟင်းလေးအိုး
- သီချင်း
- ဟာသ
- အင်တာနက် သတင်း
- အထိမ်းအမှတ်များ
- အံသြစရာများ
- အသံ
- ဆေးလိပ်နှင့်ပတ်သက်သော
- ဆောင်းပါး
- ထေရုပ္ပတ္တိ
Showing posts with label ၀တ္ထု. Show all posts
Showing posts with label ၀တ္ထု. Show all posts
Monday, December 27, 2010
ဆက်တိုက်မက်ခဲ့ရသော အိပ်မက်များ အပိုင်း ၂
ကျနော်တို့နှစ်ယောက် တယောက်ကျောပိုးအိပ်တလုံးစီနဲ့ ဘယ်သွားလို့ဘယ်လာရမှန်း မသိယောင်လည်လည်နဲ့ ညမိုးချုပ်သွားပါတယ်။ ဒီလိုနဲ့ မြ၀တီမြို့ထဲမှာ လည်နေတုန်း သုံးဘီးနဲ့ ဆမ်မလော့ (အရပ်ခေါ်) သ္မားတယောက်က သူ့အိမ်မှာလိုက် အိပ်လို့ရကြောင်းနဲ့ တညကို မြန်မာငွေ ၂၀၀ ပေးရမှာဖြစ်ကြောင်း ပြောလာတော့ကျနော်တို့နှစ်ယောက်လည်း ၀မ်းသာအားရနဲ့လိုက်သွားပါတယ်။
အဲ့သည်အိမ်ကိုရောက်တော့ ကျနော်တို့လိုပဲ ဒုက္ခရောက်နေတဲ့ ကိုကျော်နဲ့ ကိုရဲလို့ခေါ်တဲ့ အသက် ၁၇၊ ၁၈ နီးပါးလူငယ် ၂ယောက်နဲ့မိတ်ဖွဲ့ဖြစ်ပါတယ်။ သူတို့ကလည်း ထိုင်းနိုင်ငံမှာရရာ အလုပ်လုပ်ပြီးပိုက်ဆံရှာ မှာ ဖြစ်တော့ရည်မှန်းချက်တူပြီးကျနော်တို့အဖွဲ့လေးတခု ဖွဲ့လိုက်ပါတယ်။ နောက်နေ့မနက်မှာတော့ ကျနော်တို့ မြ၀တီမဲဆောက် တံတားကြီးကိုဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းကို ထွက်ခဲ့ပါတယ်။ တံတားထိပ် ကို ရောက်တော့ ဂိတ်မှာတယောက်၂၀၀ ကျပ်နဲ့ဖြတ်သန်းခွင့် လက်မှတ်ဝင်ဖြတ်ရပါတယ်။
လက်မှတ်မှာတော့ထိုင်းမြန်မာ ၂ ဘာသာနဲ့ ထိုင်းနိုင်ငံမဲဆောက်မြို့ထဲကို ၂၄ နာရီလည်ပတ်လို့ရကြောင်း ရေးထားပါတယ်တံတားပေါ်တက်တော့ ယူနီဖောင်းဝတ် စုံတွဲတတွဲကစောင့်နေပါတယ် သည်နှစ်ယောက်က
ကျနော်တို့ကိုလှမ်းခေါ်ပြီးတယောက် ၂၀၀ ထပ်တောင်းပါတယ်၊ ကျနော်ကမသင်္ကာလို့ မေးတော့သူတို့ နှစ် ယောက်ကခပ်မာမာနဲ့ ဒီမှာထပ်ပေးရ တယ်လို့ပြောပါတယ်။ သူတို့မျက်လုံးတွေကလည်း မသင်္ကာစရာပါ
ဂိတ်ဘက်ကို ကျီးကန်းမျက်လုံးတွေနဲ့ လှမ်းလှမ်းကြည့် နေတာကိုတွေ့ရပါတယ် ဒါနဲ့ ကျနော်လည်းဒါဆိုဂိတ် ကိုသွားမေးမယ်ဆိုတော့မှ အမျိုးသ္မီးလုပ်သူက နေနေမောင်လေး အပြန်ကျမှ ပေးတော့ အခုတော့မယူတော့ ဘူးသွားသွားဆိုပြီး ပြာပြာသလဲ မဲဆောက်ဘက်ခြမ်းကို သွားခိုင်းပါတယ်။
ကျော်ဇင်ကတော့ စိုးရိမ်တကြီးနဲ့ မင်းကွာတော်တော်ရဲတာပဲ ငါတို့ကိုဖမ်းထားရင်ဘယ်လိုလုပ်မလဲ လို့ကြိတ် ပြီးပြောပါတယ်။ ကျနော်ကတော့ လူညစ်ပါတ်တွေ အကြောင်းထွေတထူး ရှင်းပြမနေတော့ပဲမဲဆောက်ဘက် ကိုထွက်ခဲ့ပါတော့တယ်။
ကျနော်တို့လေးယောက်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ကိုကျော် (ခ) ကိုကြီးကျော်ဦးဆောင်မှုနဲ့ မယ်တော် ဘုန်းကြီး ကျောင်းကိုလမ်းလျှောက်သွားကြပါတယ်။ အခြားသူတွေပြောပြချက်အရ အဲသည့်ဘုန်းကြီးကျောင်းထဲကိုထိုင်း အလုပ်ရှင်တွေကသူတို့အလုပ်သ္မားလိုရင် လာရှာလေ့ရှိကြောင်းနဲ့ ထိုင်းရဲတွေကလည်း သည်ကျောင်း ၀င်းထဲမှာ ရှိနေတဲ့မြန်မာပြည်သားတွေကိုမဖမ်းဘူးဆိုတာပါ။ ဖြစ်နိုင်ပါတယ် ကျနော်တို့ရောက်တော့ မြန်မာ ပြည်သားတွေကို ဟိုတစု သည်တစု တွေနေရပါတယ်။
ရောက်ရောက်ချင်းပဲ နားစရာအရင်ရှာပြီးနားကြပါတယ် နေရာကတော့ ညောင်ပင်ကြီးနဲ့မျက်နှာချင်ဆိုင် ဘုရားဆင်းတုတော်တွေရှိတဲ့ ဇရပ်မှာပါ ကျနော်တို့လေးယောက် ရှိသမျှပိုက်ဆံတွေကို စုလိုက်တော့ တ သောင်းနှစ်ထောင်လောက်ကျန်ပါသေးတယ်၊ ကျနော်တို့အားလုံးတိုင်ပင်ပြီး ပေါင်မုန့်နဲ့ဆေးလိပ်ဝယ်လိုက် ပါတယ် လေးယောက်လုံးကဆေးလိပ်သောက်တတ်တာမို့ ဆေးလိပ်ကလည်း အရေးပါလှပါတယ်။ ဘုန်းကြီး ကျောင်းကထ္မင်းကတော့ တယောက်မှသွားမစားရဲပါဘူး ရှက်တာရော ကြောက်တာကြောင့်ပါ။.....
Sunday, December 26, 2010
ဆက်တိုက်မက်ခဲ့ရသော အိပ်မက်များ အပိုင်း ၁
တလောကလုံး အိပ်စက်အနားယူရမယ့် အချိန်လို့ သတ်မှတ်ရမယ့် မနက် ၄ နာရီမှာ နယ်စပ်မြို့လေးတွေရဲ့ ထူးခြားချက် ကြောင့်လားတော့မသိ ဒီမြို့လေးကတော့ လှုပ်လှုပ်ရွရွနဲ့ စည်းကားနေပါတယ်။ ကြီးပွားချမ်းသာ ချင်နေတဲ့ ကျနော်တို့သူငယ်ချင်းနှစ်ယောက် အတွက်တော့ စိတ်လှုပ်ရှားစရာမြင်ကွင်းပါပဲ။
ထိုင်းမြန်မာနယ်စပ်မြို့ ကလေးဖြစ်တဲ့ မြ၀တီမြို့မှာနေတဲ့ ကျော်ဇင်ရဲ့ အကိုဝမ်းကွဲ ၀င်းမင်းကကျနော်တို့နှစ် ယောက်ကို သူတို့မြို့ကနေတဆင့် ထိုင်းနိုင်ငံမဲဆောက်မှာ စီပွားရှာလို့ကောင်းကြောင်း မစားရ၀မခန်းပြောပြ ပြီးလိပ်စာပေးသွားတဲ့အတွက် ကျနော်တို့နှစ်ယောက် တိုင်ပင်ပြီးရန်ကုန် ဆင်မလိုက်အဝေးပြေးဂိတ်မှတ ဆင့် မြ၀တီမြို့ကို ရောက်ခဲ့တာပါ။
မြန်မာပြည်မှာကလည်း စီးပွားရှာရတာ တဖြည်းဖြည်းနဲ့ကျပ်တည်းလာပါတယ်။ ရတဲ့လခနဲ့အသုံးစာရိတ် ပြန် တွက်လိုက်ရင် ဘယ်လိုမှကို ညီမျှခြင်းချလို့မရတဲ့ အခြေအနေပါဒါတောင်ကျနော်က တယောက်တည်းသမား ပါဘယ်သူ့ကိုမှထောက်ပံ့ ပေးစရာမလိုပါဘူး ကိုယ်ဘာသာရှာ ကိုယ့်ဘာသာဖြုန်း၊စု ကြိုက်သလိုလုပ်လို့ရပါ တယ်။ ကျနော်က လ္ဘက်ရည်ဆိုင်ကိုယ် ပိုင်ထောင်ချင်တာပါ အစုစပ်ရှယ်ယာသဘောမျိုး ထောင်ကြည့် ဖူးပါ တယ်အဆင်မပြေပါဘူး လ္ဘက်ရည်ဆိုင်ကရောင်း ကောင်းပေမယ့် ကိုယ့်နဲ့ရှယ်ယာဝင်ထားသူတွေရဲ့ မသမာ မှုကြောင့် ကျနော်သုံးဆိုင်တိတိ ထွက်ပေးလိုက်ရဖူးပါတယ်။
ဒါ့ကြောင့် နောက်တခါလ္ဘက်ရည်ဆိုင် ထောင်မယ်ဆိုရင် ကိုယ့်ဘာသာတယောက်တည်း ထောင်တော့မယ် ဆိုတဲ့ရည်ရွယ် ချက်နဲ့ပိုက်ဆံကို ကျိတ်စုနေတာပါ။ ကုန်ဈေးနှုန်းက ဒီနှစ်ဆိုင်နေရာ တသောင်းဆိုရင် နောင် နှစ် နှစ်သောင်ဆိုပြီး ခုန်ခုန် တက်လာပါတယ်။ ကျနော့်ရဲ့စုငွေကတော့ တနှစ်ထက်တနှစ်တက်တက်လာတဲ့ ကုန်ဈေးနှုန်းကို ဘယ်လိုမှလိုက်မမှီတော့ ပါဘူး ဒါနဲ့နောက်ဆုံး ၀င်းမင်းရဲ့အကြံပြုချက်အရကျနော်နဲ့ ကျော်ဇင် ထွက်လာခဲ့ရတာပါ။
မြ၀တီအဝေးပြေးဂိတ်မှာကားရပ်လိုက်တာနဲ့ ကျနော်တို့တွေ့ရတဲ့ အထက်ပါမြင်ကွင်းကြောင်း အားတက်သွား ပါတယ်နောက်ဝင်းမင်း ပေးထားတဲ့လိပ်စာအတိုင်း ထွက်လာခဲ့ပါတယ် သူပေးထားတဲ့လိပ်စာကတော့ အမှန် ပါပဲ ဒါပေမယ့်မမှန် တော့တာက ၀င်းမင်းတို့မိသားစု အဲဒီမြို့မှာမနေတော့ဘူး ဆိုတာကိုခြံတခါးတောင် မဖွင့် ပဲနဲ့ အလှူခံကိုပြောသလို့ ပြောလိုက်တာပါပဲ ကျနော်တို့နှစ်ယောက် ဘာကိုဆက်လုပ်ရမယ်မှန်းဆလို့မတတ် တော့ပါဘူး နောက်ကိုပဲပြန်လှည့်ရမလား ရှေ့ပဲဆက်တိုးရမလားဆိုတာ တော်တော့်ကိုဆုံးဖြတ်ရခက်သွားပါ တယ်။
မြ၀တီမြို့ ဆိုတာကိုစာထဲမှာတောင်မဖတ်ဖူးတဲ့ ကျနော်တို့နှစ်ယောက်အဖို့တော့ စိတ်ဓါတ်ကျစရာပါပဲဘာပဲ ဖြစ်ဖြစ် စိတ်ဓါတ်မကျဖို့အားမငယ်ဖို့ ကျော်ဇင့်ကိုနှစ်သိမ့်ရင်း လမ်းထိပ်လ္ဘက်ရည်ဆိုင်မှာ လ္ဘက်ရည်တ ယောက်တခွက်သောက်ရင်း ကျနော်တို့ဘာဆက်လုပ်ရင် ကောင်းမလဲဆိုတာကို တိုင်ပင်ကြပါတယ်။ ကျော်ဇင်ကတော့ ပြန်လှည့်ချင်ပါတယ် ကျနော် ကတော့ရောက်မှတော့ မထူးဘူးတုံးတိုက်တိုက် ကျားကိုက် ကိုက်ဆက်တိုးချင်ပါတယ်။
နောက်ဆုံးတော့ ကျနော့်အဆိုကို သူလက်ခံသွားပြီးဆက်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ လက်ထဲမှာတော့ လက်ကျန် ငွေတော်တော်ကိုခန်းနေပါပြီ ဒါနဲ့ ကျနော့်လည်ပင်းမှာဆွဲထားတဲ့ ဆွဲကြိုးဆိုင်းကိုထာဝရထွက် ခိုင်းလိုက်ရပါတယ် မတတ် နိုင်ဘူးလေ ရှိတန်ဆာ မရှိဝမ်းစာပေါ့.....ဆက်ပါဦးမယ်..
Subscribe to:
Posts (Atom)
