.... “မတရားမှုတခုမှာ "ကြားနေ"တယ်ဆိုရင်... သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူပါပဲ” “If you are neutral in a situation of injustice, you have chosen to side with the oppressor.” (ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)...
Showing posts with label ပညာရေး သတင်း. Show all posts
Showing posts with label ပညာရေး သတင်း. Show all posts

Saturday, February 6, 2010

ယူနီဆက်ဖ်က ကျောင်းပြင်ပ မူလတန်း ပညာရေး လုပ်ဆောင်




သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၄ မိနစ် .

မဇ္ဈိမ (ချင်းမိုင်) ။     ။ ကျောင်းမတက်နိုင်သော ကလေးများအတွက် ကျောင်းပြင်ပ မူလတန်းပညာသင်ကြား ရေးကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) နှင့် ပညာရေးဝန်ကြီးဌာနတို့က မြို့နယ် ၁၂ မြို့ နယ်တွင် လုပ်ဆောင်လျှက်ရှိသည်။

ယင်းပူးတွဲအစီစဉ်ကို ၂ဝဝ၉-၂ဝ၁ဝ ပညာသင်နှစ်အတွက် ပဲခူး၊ ပြည်၊ ကျိုက်ထို၊ စစ်တွေ၊ ပုသိမ်၊ လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ သပိတ်ကျင်း၊ ပေါက် တို့တွင် အကောင်အထည်ဖော်နေ ပြီး  ၂ နှစ် ကြာမည် ဖြစ်သည်။