Sunday, February 7, 2010

မြန်မာပြည်က အကယ်ဒမီ

ရုပ်ရှင်လောကသားများ ရင်ခုန်စွာစောင့်စားနေသည့် အကယ်ဒမီဆုပေးပွဲကိုယမန်နေ့ညက ပြုလုပ်ခဲ့ပါတယ်   ဆုပေါင်း ၇ ဆုပေးအပ်ရာ “အများနှင့် မသက်ဆိုင်သောသူ” ဇာတ်ကာားကဆု ၄ ခု ရရှိသွားသည်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။.

ဓါတ်ပုံများနှင့် တကွရှုစားကြပါ....




၁။ အမျိုးသားဇာတ်ဆောင်ဆု ခန့်စည်သူ (အများနှင့်မသက်ဆိုင်သောသူ)
၂။ အမျိုးသမီးဇာတ်ဆောင်ဆု မို့မို့မြင့်အောင် (မြင်းမိုရ်ထက်ကသရဖူ)
၃။ ဒါရိုက်တာဆု ညီညီထွန်းလွင် (အများနှင့်မသက်ဆိုင်သောသူ)
၎။ အမျိုးသားဇာတ်ပို့ဆု ရဲအောင် (အကယ်ဒမီရှော့)
၅။ အမျိုးသမီးဇာတ်ပို့ဆု ခင်မို့မို့အေး (အများနှင့်မသက်ဆိုင်သောသူ)
၆။ ရုပ်ရှင်ဓာတ်ပုံဆု သန်းညွန့်(ပန်းသာ) (ကြိုးတန်း)
၇။ ရုပ်ရှင်ဇာတ်ကားဆု မျက်ခြယ်ရုပ်ရှင် ထုတ်လုပ်ရေး (အများနှင့်မသက်ဆိုင်သောသူ)

အများနှင့်မသက်ဆိုင်သောသူ ဟာသကားနှင့် ပတ်သက်ပြီး ဆုရသူတဦးဖြစ်သည့် ခန့်စည်သူက "တခြား ဟာသကားတွေမှာ Response က အရေးကြီးတယ်။ ဒီကားမှာတော့ ကိုယ်က ကိုယ်လုပ်သမျှ ကိုယ်ပြောသမျှမှန်တယ် ထင်တဲ့သူဆိုတော့ လုံးဝ ဂရုစိုက်စရာ မလိုတော့ဘူး။ ဟာသကား ၁၀ ကားရိုက်ရင် ၉ ကားလောက်က Response ကြောင့်ရယ်ရတာ။ ဒီကားကတော့ Response မရှိတဲ့ အတွက် ပရိသတ် အနေနဲ့ ပိုပြီးရယ်ရတယ်လို့ ထင်ပါတယ်။ အဲဒါက အများနဲ့မသက်ဆိုင်သော ဇာတ်ကားနဲ့ ပတ်သတ်ပြီး အမှတ်တရပါပဲ” ဟု ပြောကြားကြောင်း ရွှေအမြုတေမဂ္ဂဇင်းတွင် ဖော်ပြထားသည်။

ယခင်နှစ်နှင့် မတူသည့် အချက်မှာ ဆုရသူများထဲတွင် အမျိုးသမီး သရုပ်ဆောင် ၂ ဦး ပါဝင်ခြင်း ဖြစ်သည်။

နေပြည်တော်တွင် ပြုလုပ်သည့် ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲ အခမ်းအနားကို ရုပ်ရှင်လောကသား အများအပြား တက်ရောက်သည့် အပြင် မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ်အဖွဲ့ဝင်များ၊ ရုပ်ရှင် ဆင်ဆာအဖွဲ့နှင့် ဗီဒီယို ဆင်ဆာအဖွဲ့တို့မှ တာဝန်ရှိသူများလည်း တက်ရောက်ကြသည်ဟု သတင်းများတွင် ဖော်ပြထားသည်။ 


 
  

 

(ဓာတ်ပုံ ပြည်တွင်းဂျာနယ်များ)
အထက်ပါသတင်းကိုတော့ Moe MaKa မှတဆင့်ကူးယူဖေါ်ပြပါသည်


No comments:

Post a Comment