Monday, October 22, 2012

***သည်နွေဦးမှာပွင့်မယ့်ပန်း***




***သည်နွေဦးမှာပွင့်မယ့်ပန်း***

ထုံသင်းမွှေးကြူ ရနံတွေတူချင်မှတူမယ်
စုန်ဆန်လှုပ်ရှား
ကျည်ဆန်တွေ ကြားမှာလည်း
ဘ၀ဆိုးတဲ့ သည်ပန်းကလေးတွေ
တဖျပ်ဖျပ်....ပွင့်လို့
တဖြုတ်ဖြုတ်ကြွေနေလိုက်ကြတာများ
တော်ရုံကိုယ်ခံအားနဲ့ 
ရူးသွားမလားပဲ.....။

ချစ်စရာ့ ပန်းကလေးတွေနဲ့
သည်လိုစစ်ပွဲ
လက်တွဲလို့ ရမတဲ့လား......
သူတို့ရဲ့ အကြည့်တဆုံးမှာ
အပြုံးတွေပဲ ပွင့်ဝေချင်ရှာမပေါ့...။

လာမယ့်........နွေဦးရေ
ချစ်ရသူတို့........ရေ
ရနံမွှေးတဲ့ပန်းကလေးတွေ
(သည်တနွေမှာတော့)
ဖူး...ပွင့်....ဝေဆာ...ပါရစေကွယ်....။

ကြခတ်
(Tuesday September 25,2012)

No comments:

Post a Comment