Sunday, October 21, 2012

***သ္မီးမွေးနေ့***



 ***သ္မီးမွေးနေ့***

ပူ စပ် ခါး ရှောင်
ကိုးလတိုင်းအောင် 
အသက်ကိုပေး မွေးခဲ့ပေးတယ်
အို...ချစ်မေမေ..။

သန္ဓေတည်စ ချစ်မ၀မို့
ကာကွယ်လို့ပေး အလေးပင်မ..မရ
လမ်းကူလျှောက်ပေး ကြင်နာလေးအေး
ဖေးဖေးမမ..ကြင်နာပြတဲ့
အို...ချစ်ဖေဖေ..။

နွေးထွေးမှုပေး မိသားစုလေးနဲ့
ဘ၀ခရီးကိုလျှောက် သ္မီးတယောက်
လူလားမြောက်လို့ မွေးနေ့ရောက်တိုင်း
ရှိခိုး ဦးခိုက် ပူဇော်လိုက်တယ်
အို...အဖေ နဲ့ အမေ...။

ကြခတ် 
October 10,2012

No comments:

Post a Comment