Sunday, October 21, 2012

***မိုင်တွေထဲကနေညိုညို***


***မိုင်တွေထဲကနေညိုညို***

သယံဇာတတွေ ကုန်မှပြန်မဆုံပါရစေနဲ့
 မြို့လေးရယ်....
နင့်ကိုလေ
နေ၀င်သွားတိုင်းလွမ်းနေသူပါ...။

ညတိုင်းထုပ်ပိုးထားတဲ့
အိပ်မက်တွေလေ
အိပ်မက်တွေပေါ့
ပရုပ်လုံးနံတွေနဲ့နေရာတိုင်းကို သင်းပျံ့လို့...။

တကယ့်ဘ၀မှာ အရေးကြီးတာတွေဟာ
(၁၅၀၀)
အချစ်ထက် ပိုပါတယ်
မြို့လေးရယ်...။

တတောဝင် တထောင်တက်နဲ့
သင်ယူ၊ ဖတ်မှတ်ခဲ့ရရင်
ဒါတွေကို..
နားလည်နိုင်မှာပါ..။

ပစ္စုပ္ပန်မှာတော့
မြို့လေးက..လူငယ်လေးကိုမျှော်
လူငယ်လေးက မြို့လေးကို..
နေ၀င်သွားတိုင်း လွမ်း..နေ..နှင့်ဦးပေါ့...။

ကြခတ်
October 17,2012  

No comments:

Post a Comment