ဒီခရစ်စမတ်မှာ
အိမ်ကိုလည်း မလွမ်းဖြစ်တော့ဘူး
ရွာကဘုရားကျောင်းကိုလည်း(အိပ်မက်ထဲကနေ)
မလွမ်းဖြစ်တော့ဘူး...
နာပြီးရင်းနာနေတဲ့ဒီနှလုံးသားကို
မယုတ်မာတတ်ပဲ(အလုပ်မရှိ) ယုတ်မာနေသူတွေကြားမှာ
ရှင်သန်တတ်အောင်ပျိုးထောင် သင်ကြားရင်း
ဘ၀ရှင်လာခဲ့ရလို့ထင်ရဲ့.....
ယုန်ငယ်လေးလို ကြောက်တတ်တဲ့
ငါ့ချစ်သူကိုတောင်
ငါ့ချစ်သူကိုတောင်
ဒီခရစ်စမတ်မှာမလွမ်းဖြစ်တော့ဘူး.....။ ။
No comments:
Post a Comment