Saturday, March 20, 2010

ချာချင်ကွင်း



ချိန်းအမြဲကျတတ်တဲ့ ကျနော့်စက်ဘီး ခပ်စုတ်စုတ်လေးကိုချိန်းမကျအောင် ဂရုတစိုက်နင်းရင်းခါတိုင်းနေ့တွေ လိုပဲ ကျနော်တို့ညနေတိုင်းဆုံနေကြ ကုက္ကိုပင်ကြီးအောက်က မြေကွပ်လပ်ကိုခြင်းလုံးခတ်ဖို့ ထွက်လာခဲ့ပါ တယ်။  

ကျနော်တို့မှာ တနေကုန်မနက်အိပ်ရာနိုးတာနဲ့ ခုံပေါ်ရောက်နေတဲ့သူတွေအဖို့ ဒီခြင်းဝိုင်းကလေးဟာစိတ်အ ပန်းဖြေစရာလေးတခုဆိုရင် မမှားပါဘူး။ တယောက်နဲ့တယောက် စလိုက်နောက်လိုက်သူများခတ်လိုက်လို့ ထွက်လာတဲ့ခြင်းကို မြေပေါ်မကျအောင်လိုက်ဆယ်၊ အကွက်ထုတ်တဲ့အခါ ဖြစ်သွားရင်ကောင်းချီးပေး၊ ပျက် သွားရင်အားပေးတဲ့အခါ၊ အားပေးနောက်တဲ့အခါနောက်နဲ့ တော်တော်ပျော်စရာ ကောင်းပါတယ်။



ဝိုင်းခြင်း ၀ါသနာရှင်တွေစုထားတာပါ နေ့တိုင်းခတ်ပါများတော့။ တယောက်အကြောင်းကို တယောက်သိလာ ကြပါတယ်။ နောက်အဖွဲ့လေးပုံစံပါဖြစ်လာပါတယ်။ ကျနော်ဝိုင်းခြင်းခတ်မှတိုးလာတဲ့ သူငယ်ချင်တွေမိတ် ဆွေတွေတော်တော်များပါတယ်။




များသောအားဖြင့်တော့ နာမည်ပြောင်ခေါ်ကြတာများပါတယ်။ ခြင်းခတ်ရင်းနဲ့မှ ဘော်ဒါအရင်းအခြာဖြစ်သွား တဲ့ သော်ခ၊ ကိုနိုင်၊ ဆရာစိုင်း၊ ဆရာပု၊ မြတ်မင်း၊ ချုပ်ချုပ်၊ ဟိုက်ဟိုက်၊ ဦးကျောက်၊ ဒါကျနော့်နဲ့ခြင်းအတူ ခတ်တဲ့မိတ်ဆွေတွေပါ။



တခါတလေလည်းအနားမှာရှိတဲ့ လူပျိုမဖြစ်တဖြစ်လေးတွေကလည်း ကျနော်တို့ခြင်းဝိုင်းကိုလာဆော့လေ့ရှိပါ တယ်။ ကျနော်တို့ခြင်းဝိုင်းရှိတဲ့နေရာက လမ်းဆုံလမ်ဂွဒေါင့်မှာရှိတဲ့ ကုက္ကိုပင်ကြီးအောက်မှာပါ။ လမ်းဆုံ လမ်းဂွဆိုတော့ သိတဲ့အတိုင်းပဲ လူပေါင်းစုံသွားလာနေတာကို တွေ့နေရပါတယ်။


အဲ့ ကောင်မလေးတွေများ ဖြတ်မသွားလိုက်နဲ့ “ချာချင်” ဆိုပြီးမြင်တဲ့သူကအော်တော့တာပဲ သည်အသံကြား တာနဲ့ခြင်းလုံးဆိုတာ နဂိုခတ်နေကြအတိုင်းမဟုတ်တော့ပဲ လွဲကုန်ပါတော့တယ်။ ကြပ်တဲ့လူကလည်းကြပ် တယ်ကောင်မလေး တယောက်ယောက်ကို လိုက်ငေးမိတဲ့လူကတော့ နာပြီသာမှတ်သူ့ဆီ ကိုခြင်းပေးလိုက် တယ်လေ သူကလိုကငေးနေရင်တော့ ခြင်းလုံးကိုအလွဲလွဲအခြော်ခြော် ခတ်မိလိုက်ရင်တော့ဝိုင်းဟားတော့ တာပဲ။


အများဆုံး အဟားခံရတာတော့ သားစိုး (နာမည်ရင်းမဟုတ်) ပါ။ သူ့ကိုကျနော်တို့ကရာထူးတခုပေး ထားပါ တယ် “ချာချင်ဥက္ကဋ္ဌ” ဆိုပြီးတော့ပါ ကောင်မလေးတွေဖြတ်သွားပြီဆိုရင် (အဆိုးဆုံးက)သူကြိုက်နေတဲ့ ကောင်မလေး ခြင်းဝိုင်းနားကဖြတ်သွားတာနဲ့ သူ့ဆီကိုခြင်းလုံးပေးလို့ မရတော့ပါဘူးသောက် တလွဲတွေခတ် တော့တာပဲ။ တခြားအချိန်တွေမှာ ခြင်းထိန်းတော်တော်ကောင်းပါတယ် အဲလိုချာချင်တွေလာပြီဆိုတာနဲ့သွား တော့တာပဲ။ ဒါကြောင့်သူကိုကျနော်တို့က ချာချင်ဥက္ကဋ္ဌလို့ရာထူးပေး လိုက်တာပါ။


ကျနော့်နာမည်ကတော့ ဖိုးချစ်တဲ့ ခြင်းလုံးခတ်ရင် ကနေတာနဲ့တူလို့တဲ့။ အဲ့သည့်ဖိုးချစ်ကအပြင်မှာလဲ ဖိုးချစ် တော့တာပါပဲ။ သားစိုးဆိုရင် ဘယ်လောက်ဆိုးသလဲဆို သူ့လိုက်နေတဲ့ကောင်မလေးကိုတောင် ကျနော့်နာ မည်မိတ်ဆက်ပေးတာ ဖိုးချစ်တဲ့။ အမယ် ငတိကသူ့ကိုကျတော့ သားစိုးလို့ခေါ်တာမကြိုက်ဘူးဗျာ့ သူကိုခင် ရင်နာမည်အရင်းခေါ်ပါဆိုပဲ ကျနော့်ကျတော့သူက ဘယ်မှာတွေ့တွေ့ ဖိုးချစ်ပဲ။



ကျနော်စရောက်တော့ ပထမဦးဆုံးခြင်းခတ်တာ ကျနော်တို့ရုံးမျက်စောင်းထိုးက ကားလမ်းပေါ်မှာပါဝိုင်းခြင်း ဆိုတော့ သိတဲ့အတိုင်းပဲ နေရာသိပ်မယူဘူးလေ ကွပ်လပ်လေးတခုလောက်ရှိရင် ရပြီခတ်ပေတော့။ ပထမ တရက်နှစ်ရက်တော့အစဉ်ပြေပါတယ်။ ညနေ ၅ နာရီဆိုရင် ကွန်ပြူတာပိတ်၊ ဘောင်ဘီတိုဝတ်ဖိနပ်စီးပြီး ခြင်း ခတ်တော့တာပဲ။ ပြဿနာက ဆိုင်ကယ်တို့ကားတို့ လာရင်ရှောင်ပေးရတာပါ။


တရက်တော့သူကြီးမိန်မက သူအိမ်ကနေဆိုင်ကယ်နဲ့ ထွက်အလာကျနော်ကလည်း သူများခတ်လိုက်တဲ့ခြင်း လုံးကို လိုက်အဆယ်မှာနောက်ကဆိုင်ကယ်နဲ့ ၀င်ကြုံးတော့တာပါပဲ။ ဒါပေမယ့် သူကြီးမိန်မက သတိရှိတော့ ကျနော်ဘာမှမဖြစ်ပါဘူး။ သူကတော့ဒူးပြဲသွားတယ်။ အဲမှာ သူကြီးထွက်ဆဲတော့တာပဲ “မင်းတို့ကိုဘယ်သူ ခြင်းခတ်ခိုင်းလို့လဲ ဟင်ဒါထိုင်းနိုင်ငံကွ မြန်မာနိုင်ငံမဟုတ်ဘူး” လို့တော့နားလည်လိုက်ပါတယ်။ ကျန်တာ တွေကတော့ ကျနော်လည်း ထိုင်းစကားသိပ်နားမလည်တော့ မသိလိုက်ဘူး။


ဆဲတယ်ဆိုတာတော့ သေချာတယ်။ သူ့မိန်မနာသွားတာကိုး။ သူပြောတာလဲမှန်ပါတယ်။ ကျနော်တို့နိုင်ငံမ ဟုတ်ပဲကျနော်တို့က လူတွင်ကျယ်လုပ်သလိုဖြစ်သွားတာကိုး။ ကိုယ့်နိုင်ငံမှာဆိုရင်ရော ဒီလိုလုပ်လို့ရမလား။ မရပါဘူး ဒီလောက်လူတွင်ကျယ်များတာ။


ဒါနဲ့ကျနော်တို့ အုပ်စုလည်း ခြင်းခတ်ခြင်း အမှုကို တပတ်လောက်နားလိုက်ရပါတယ်။ သိပ်မကြာပါဘူး။ ကျနော်တို့ ရပ်ကွက်အစွန်လောက်မှာ ခြံကျယ်ကြီးတခုရှိပါတယ် သူဌေးက မြင်းဆေးမှုနဲ့ထောင်ကျနေတယ် ဆိုလားမသိပါဘူး။ ဒီနေရာကတော့ အစဉ်ပြေပါတယ် ကားလည်းမလာဆိုင်ကယ်လည်းမရှိ၊ သူကြီးအိမ်နဲ့လဲ ဝေးဆိုတော့ ကျနော်တို့အတွက်တော်တော် အဆင်ပြေပါတယ်။


ဒါပေမယ့်တရက်တော့ ကျနော်ခြင်းခတ်ဖို့အတွက် ဘောင်ဘီတိုဝတ် ဖိနပ်စီးပြီး ချိန်ကျနေတဲ့စက်ဘီးအစုတ် လေးကိုချိန်းပြန်တင် ချိန်မကျအောင်ထိန်းနင်းရင်းနဲ့ ထွက်လာခဲ့ပါတယ်။ ကွင်းထဲကိုရောက်တော့ လူတော် တော်စုံနေပါပြီ။ ဒါနဲ့ကျနော်လည်း စက်ဘီးစုတ်ကလေးကိုတော်ရာထား ၀င်စို့အော်ပြီးဝင်ခတ်ပါတော့တယ်။ ခြင်းခတ်လို့ အရှိန်ရပြီးသိပ်မကြာပါဘူး။ ဒီခြံထဲကို ထိုင်းပလိပ်တွေရောက်လာပါတော့တယ် ရောက်ရောက် ခြင်းပဲထွက်ပေါက်တွေပိတ်ပြီး တွေသမျှကိုဖမ်းပါလေရော။ ကျနော်တို့အုပ်စုကိုတော့ ပြဿနာမရှာဘူးကျ နော်တို့ထဲမှာတချို့လည်း ကြောက်နေကြတယ်


သိတဲ့အတိုင်းလေ ကိုယ့်နိုင်ငံလဲမဟုတ် နောက်ကိုယ်တွေကလည်း တရားဝင်နေနေကြတာမှမဟုတ်တော့သူ တို့ဖမ်းရင်ခံရမှာပဲလေ ဒါပေမယ့်ဟန်ကိုယ့်ဖို့မဟုတ်လား ကိုယ်တွေကလည်းရိုးရိုးသားသား ခြင်းလုံးခတ်နေ တာဖြစ်တဲ့အတွက် ကျန်တဲ့သူတွေကိုအားပေးရင်း ခြင်းလုံဆက်ခတ်နေပါတယ်။ သိပ်မကြာပါဘူး ပုလိပ်အ ကြီးအကဲတယောက်က ဆရာပုကိုခေါ်စစ်ပါတယ်။ ကျနော်တောင်နောက်လိုက်သေးတယ် ရုပ်ပေါက်လို့ခေါ် စစ်တာလို့။ သူတို့ကဆေးခြောက်နဲ့ မြင်းဆေးဂိုဏ်ကိုလာဖမ်းတာလေ။ ဆရာပုကိုခေါ်စစ်တာ ဆေးသမား ထင်လို့မဟုတ်ပါဘူး သူ့ခါးကြားမှာလိပ်ထားတဲ့ သော့တွဲနဲ့ဖုန်းကိုသေ နတ်ထင်ပြီးခေါ်စစ်တာပါ။ 


ဆရာပုကို ခေါ်စစ်ပြီးလို့မကြာပါဘူး ကျနော်တို့အားလုံးကို ခေါ်မေးပါတော့တယ်။ ဘယ်မှာနေလဲဘယ်မှာ လုပ်လဲ။ စသဖြင့်ပေါ့ စစ်တော့မစစ်ပါဘူး။ ထူးထူးခြားခြား ထိုင်းနိုင်ငံမှာမွေးတဲ့ ကရင်လူမျိုးရဲတယောက်က ကျနော့်ကိုခေါ်ပြီး ဆီးစစ်ပါတော့တယ်။ ဒေါသဖြစ်လိုက်တာဗျာ ကျနော့်ပုံစံကဘယ်လိုမှဆေး သမားရုပ်မ ထွက်ပါဘူး သင်တန်းကြေထားတဲ့အတွက် ကြည့်လိုက်တာနဲ့ ဒီလူဟာကျန်းမာရေးတော် တော်ကောင်းတယ် လို့ပြောလို့ရတဲ့ ခန္ဓာကိုယ်ရှိပါတယ်။


ဆီးစစ်တော့လဲ ဘာမှမတွေ့ပါဘူး ဘယ်တွေ့မလဲကျနော်မှမသုံးတာ။ တခါတလေမှသာ အရက်မျိုးဘီယာမျိုး လောက်သောက်ဖြစ်တာပါ။ ဒါတောင်ဒကာတွေ့မှ။ ကျနော်ဒေါသဖြစ်တာက ဒီလိုပါ ပထမရက်တုန်းကအဲ့ သည့်ခြံဘေးမှာ ထိုင်းမတယောက် ကားရပ်ထားပါတယ်။ သည်ကားကို ထိုင်းရဲတွေလာစစ်တော့ထိုင်းမက ဆဲပလိုက်တာမိုးမွှန်နေတာပဲ။ တရိစ္ဆာန်တွေရော အရူးတွေရော။ ငတိတွေများခေါ်တောချင်းကို ထပ်နေတာ ပဲတောင်းပန်လိုက်တာ။ ကဲခုကျနော်တို့ကျတော့ ကိုယ့်ဘာသာခြင်းလုံးခတ်နေကြ တာကိုယ်ပိုင်အချိန်မှာသူ တို့ကခေါ်လည်း နှောက်ယှက်သေးတယ်။ နောက်ဆီးပါစစ်လိုက်သေးတယ်။


ဒါရှက်စရာ အလွန်ကောင်းပါတယ် လူ့ဂုဏ်သိက္ခာကိုစော်ကားတာနဲ့ အတူတူပါပဲ။ ဒါပေမယ့်ဘယ်လိုတုန့် ပြန်မလဲ ဘယ်လိုမှတုန့်ပြန်လို့မရပါဘူး။ သိတယ်ဟုတ်ကျနော်တို့က အမေ့ရင်ခွင်ဝေးတွေလေ။ မိဘရှိရဲ့ သားနဲ့ မိဘမဲ့တွေဖြစ်နေရတာကိုး ဒီတော့သူတပါး စော်ကားတာမဆန်းပါဘူး။ အနိုင်ကျင့်မှန်း သိသိကြီးနဲ့ လည်းခံနေရမှာပဲ ဘာတတ်နိုင်မလဲ ဒါဘ၀ပဲလေ။



ကျနော်တို့ရုံးနဲ့ မနီးမဝေးမှာခြင်းဝိုင်းတ၀ိုင်းကို သွားတွေ့ပါတယ်။ သူတို့ကလည်းကျနော်တို့လိုပါပဲ။ တနေ ကုန်အလုပ်ထဲမှာနေပြီး ညနေပိုင်းလေးကို အချိန်လုပြီးခြင်းခတ်နေကြတာပါ။ အဲမှာကျနော်တို့သွားပေါင်မိပြီး အထက်မှာပြောခဲ့တဲ့ ချာချင်ကွင်းလို့ခေါ်တဲ့ ကုက္ကိုပင်ကြီးအောက်မှာ ခြင်းဝိုင်းဖြစ်သွားတာပါ။
 

ကျနော်တို့မှာ ညနေ ၅ နာရီဆိုတာနဲ့ ဖင်တကြွကြွဖြစ်နေပါပြီ ချာချင်ကွင်းကို ရေလောင်းထားတဲ့သူက လောင်း။ ပုလင်းကွဲကောက်တဲ့သူကကောင်နဲ့။ စည်စည်လုံးလုံးတက်တက်ကြွကြွ ချာချင်သွင်းရင်ခြင်းလုံးခတ် ရင်း……

ချိန်းအမြဲကျတတ်တဲ့ ကျနော့်စက်ဘီးခပ်စုတ်စုတ်လေးကို ချိန်းမကျအောင် ဂရုတစိုက်နင်းရင်းခါတိုင်းနေ့တွေ လိုပဲကျနော်တို့ ညနေတိုင်းဆုံနေကြ ကုက္ကိုပင်ကြီးအောက်က မြေကွပ်လပ်ကိုခြင်းလုံးခတ်ဖို့ ထွက်လာခဲ့ပါ တော့တယ်….

ကြခတ် (ရင်း-၈)

No comments:

Post a Comment