Friday, March 19, 2010

ကျနော် နှင့် အိမ်မက်များ



ကျနော် နှင့် အိမ်မက်များ

အိမ်မက်တွေ စမက်တဲ့
အရွယ်မှာ အိမ်မက်ထဲကို 
အမေအမြဲလာတယ်…

ဘိုကေ ဆံတောက် လူပျိုပေါက်
အရွယ်ရောက်တော့
အိမ်မက်ထဲကို
ချစ်သူအမြဲလာတယ်….

ကျောင်းသား အရွယ်လွန်
အတွေးစွန်လွတ်တဲ့
အရွယ်ရောက်တော့
အိပ်မက်ထဲကို
မိခင်တိုင်းပြည်ကြီး အမြဲလာတယ်….


ခုတော့ ငါ့မှာ ယုံကြည်ချက်ကိုဖက်ရင်း
အိပ်ရေးပျက်တဲ့ မနက်တွေနဲ့…….။ ။

ကြခတ်(ရင်း-၈) 


photo by  www.wga.hu/art/g/greco


No comments:

Post a Comment