သိပြီးသားလူတွေအတွက် ခလေးကစားစရာဖြစ်နေပေမယ့် မသိသေးတဲ့ ညီငယ်ညီမငယ်တို့အတွက်အတော် ကိုမလွယ်ပါဘူး။
နောက်တခုက ညီမငယ်တယောက်က ဘလော့လုပ်ချင်တယ်။ လုပ်ပေးပါဆိုလို့ လုပ်ပေးလိုက်ပါတယ်ဒါပေ မယ့်သူကတခါမှမလုပ်ဖူးတော့ အခက်အခဲတွေ့နေပါတယ်။ ဒါနဲ့ကျနော့်ကို မေးလ်ပို့ပြီးပို့စ် အသစ်ဘယ်လို တင်ရလဲမေးလာတဲ့အတွက် ဒီပို့စ်လေးကိုဖန်တီးလိုက်တာပါ။ သိပြီးသားလူတွေအတွက်တော့ တောင်းပန်ပါ တယ်။
တကယ်တော့ ကျနော်လည်းပညာရှင်တယောက် မဟုတ်ပါဘူးဝါသနာရှင်ပါ လေ့လာဆဲဝါသနာရှင်တဦး ပါ...ကဲစလိုက်ကြရအောင်...
(1)ပထမဦးဆုံး ဘလော့ထဲကိုဝင်လိုက်ပါ။ ဒီလိုလေးတွေ့ရမှာဖြစ်ပါတယ်...
(2)အဲမှာ အနီရောင်နဲ့ ၀ိုင်းပြထားတဲ့နေရာကို တချက် click လိုက်ပါ ဒီလိုတွေ့ရမှာဖြစ်ပါတယ်...
title ဆိုတဲ့နေရာမှာကိုတင်တဲ့ပို့စ်ရဲ့ ခေါင်းစဉ်ကိုရေးပေးရမှာဖြစ်ပြီး။ labls ဆိုတဲ့နေရာမှာတော့။ အကြောင်း အရာအလိုက် ထည့်ပေးရမှာဖြစ်ပါတယ်။ ဥပမာ သီချင်း၊ ကဗျာ၊ ၀တ္ထုတို၊ ဓါတ်ပုံ...စသည်ဖြင့်ထည့် ပေးရမှာ ဖြစ်ပါတယ်။
ဒါတွေထည့်ပြီးသွားပြီ.. ကိုယ့်ပို့စ်ကို စိတ်တိုင်းကျသွားပြီ ဘလော့ပေါ်ကိုတင်တော့မယ် ဆိုရင်.. PUBLISH POSE ဆိုတဲ့နေရာမှာ တချက် click ပေးလိုက်ပါ ပြီးရင်ခဏစောင့်လိုက်ပါ။ တင်လို့ပြီးသွားရင် View Pose နဲ့ View Blog ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ မိမိတင်လိုက်တဲ့ ပို့စ်ဘလော့ပေါ်ကို ရောက်သွားပါပြီ။
နောက်တနည်းကတော့ ဓါတ်ပုံတင်နည်းပါ စလိုက်ကြရအောင်
သူလည်းပထမနည်းအတိုင်းပါပဲ 1 နဲ့ 2 ကိုသွားလိုက်ပါ ရောက်ပြီဆိုရင် ဒီလိုတွေ့ရပါမယ်...
အဲ့မှာ ဓါတ်ပုံတင်ဖို့အတွက် (ကျနော်အနီနဲ့ဝိုင်းပြထားသလို) နေရာလေးပါပါတယ်။ သူ့ဘေးကတော့ရုပ်သံ တွေတင်ဖို့ပါ။ တချက် click လိုက်ရင် ဒီလိုပေါ်လာပါလိမ့်မယ်....
Browse ဆိုတာကတော့ မိမိကွန်ပြူတာထဲမှာ ရှိတဲ့ပုံကိုတင်မှာဖြစ်ပြီး URL ကတော့ ၀ပ်ဆိုဒ်တွေပေါ်ကပုံ တွေကိုတင်မှာဖြစ်ပါတယ် အောက်က ပန်ပျိုးသူလို့ပေါ်နေတဲ့ နေရာကတော့ ပို့စ်တင်သူရဲ့ နာမည်ကိုထည့် ပေးရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ပို့စ်တင်တဲ့ရက်စွဲကိုထည့်ပေးလို့လည်းရပါတယ်။ ကဲကျနော်တို့ကွန်ပြူတာ ထဲမှာရှိတဲ့ဓါတ်ပုံတပုံကို တင်ကြပါစို့... Browse ကိုတချက် click လိုက်ပါပြီ ဒီလိုဆက်ပေါ်လာပါလိမ့်မယ်...
ဟုတ်ပြီကျနော်တို့ တင်ချင်တဲ့ ဓါတ်ပုံရှိတဲ့နေရာကို သွားပါမယ်။ ရောက်ပြီဆိုတော့ Open ကိုတချက် click လိုက်ပါတယ်။ စတင်ပြီး ဘလော့ပေါ်ကိုတင်နေပါပြီ။ မပြီးသေးပါဘူး ရောက်ပြီဆိုရင် ဒီလိုပေါ်လာမှာဖြစ်ပါ တယ်.....
ok ကိုတချက် click ပေးပြီးအတည်ပြုပေးလိုက်ပါ။ မိမိပို့စ်ထဲကို ရောက်သွားတာကိုတွေ့ရပါမယ်။ ပုံကိုတ ချက် click လိုက်မယ်ဆိုရင် ဓါတ်ပုံကို ဘယ်လိုပုံထားမလဲ အသေးလား အကြီးလား အကြီးဆုံးလားဘယ်မှာ ထားမလား ညာမှာထားမလား ကိုယ်စိတ်ကြိုက်ပြင်လို့ရပါတယ်။ တင်ပြီဆိုတာကတော့ အပေါ်ကအတိုင်းပါ ပဲတင်လိုက်ရုံပါ...
ကိုယ်တင်တဲ့ပို့စ်က ရှည်နေမယ်..သိပ်မကြိုက်ဘူး တ၀က်လောက်ပဲပေါ်ချင်တယ်ဆိုရင်တော့ ကိုထားချင်တဲ့ စာအမြည့်နေရာလောက်မှာ ကာဆယ်ချလိုက်ပါ မှိတ်တုတ်မှတ်တုတ်ကာဆယ် ရောက်ပြီဆိုရင်ညာဘက် ဒေါင့်ဆုံးမှာရှိတဲ့ စာရွက်တ၀က်ဖြတ်ပုံလေးကို တချက်click ပေးလိုက်ပါ မျည်းတကြောင်းဖြတ်လိုက်တာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီမျည်းကြောင်းရဲ့အပေါ်ဘက်ကစာသားတွေဟာ ဘလော့မှာပေါ်နေမယ့်အမြည်းစာသားတွေဖြစ်ပြီးအောက် ကစာသားတွေကတော့ Read more ကိုတချက် click မှပေါ်လာမယ့် စာသားတွေပါ....
စမ်းကြည့်လိုက်ပါ အစဉ်မပြေရင် မေးလ်ပို့၍ဖြစ်စေ ကွန့်မန့်မှာဝင်ရေး၍ဖြစ်စေ စီဘောက်ထဲမှာဖြစ်စေမေး နိုင် ပါတယ် ကျနော်သိသလောက် ပြန်ရှယ်ပေး မှာဖြစ်ပါတယ်။
နောက်တခါကြရင် ကျနော် တမ်ပလက် (ဘလော့တခုလုံးကို) HTML နားလည်စရာမလိုပဲနဲ့ ပြင်တဲ့နည်းကို ရေးပါမယ် စောင့်ဖတ်ကြပါကုန်...
ပန်းပျိုးသူ
No comments:
Post a Comment