Tuesday, March 23, 2010

သူနှင့်ကျနော် (သို့) နိမိတ်ဖတ်သူများ

23.3.2010
မတ်လ

ရောင်းမကုန်တဲ့ အိပ်မက်တွေကို
ရွှေချထားဖို့အတွက်
အစစ်ဆေးခံအတ္ထုပ္ပတ္တိတခု ရှိတယ်

ဖြန့်ခင်းလို့မရတဲ့ ဇာတ်နာတပုဒ်ကိုတော့
တခွန်းဆိုင်လေးမှာ ချိတ်ပိတ်ထားတယ်

ကျနော်တို့ရဲ့အမေ့ခံ
ကျောက်ဆောင်များအတွက်
စက္ကန့်ဝက်လောက် သတိရပေးပါ...

မေ့မရတဲ့ အတိတ်နေ့တွေက
ငါတို့ရင်ကို တလှပ်လှပ်
လောင်ကျွမ်းသွားစေတယ်

ပစ္စုပ္ပန်မှာ ဘ၀ကို ရွှေချထားချင်ပေမယ့်
အနာဂတ်ကို မျှော်ကိုးမိလို့ ငါတို့ဘ၀တွေ
တိုက်စားခံလိုက်ရတယ်

အဲ့ဒါ...
ငါတို့အတွက် ရင်ကွဲနိမိတ်ပဲ

ဘာပဲဖြစ်ဖြစ်
သူတို့နှစ်ယောက်ရေးတဲ့ကဗျာ
သည်နေရာလေးမှာ....
အဆုံးသတ်သွားစေတယ်....။


သော်ခ နဲ့ ကျနော်ဆာလောင်နေတဲ့ ရင်ဘတ်တွေနဲ့ အပယ်ခံလမ်းကြားက ဆိုင်လေးမှာ ထိုင်နေတုန်း ဈာန်ရတာနဲ့ ရေးမိလိုက်တဲ့ ကဗျာလေးပါ။ နှစ်ယောက်စလုံး ယုံကြည်ချက်အတွက် ခရီးဆက်နေသူချင်း မို့ ရင်ချင်အပ်မိကြတယ်လို့ ဆိုရိုးရှိတယ်မဟုတ်လား။ ကျနော်တို့ကတော့ ရင်ထဲကလာတဲ့ ကဗျာချင်း အပ်မိကြတယ်။

No comments:

Post a Comment