Friday, March 26, 2010

ရင်ပြိုသွာတဲ့ည




အလိုတခုပြည့်သွားသလို
အလိုတခုလည်း ပြိုသွာတယ်..
ကမ္ဘာပြိုတာ အပြင်မှာမမြင်ဘူးပေမယ့်
ရင်ပြိုတာတော့ အသေအချာသိလိုက်တယ်...

သြော်..
တခါတလေလည်း...ချကြွေးခံရတာ
နှလုံးသားဖြစ်သွားတတ်တာပဲလေ...


ဒီခေတ်မှာ
 ပေးရတာတွေများလွန်းတော့
ငါ...ဆိုတဲ့နေရာမှာ ရေးချ (ါ ) တောင်တဖြည်းဖြည်
မှိန်မှိန်လာတယ်....

အကြိမ်ကြိမ် သော့ခတ်သိမ်းပေမယ့်
ခုန်ထွက်လွန်းလို့ ကျိုးမတတ်ရင်ကို
ဒီတခါတော့...
ချကြွေးလိုက်တယ်...။

အမေရယ်..
သားဒီတခါထုတ်ပေးလိုက်ရတာ
တဘ၀ စာပါ...
ဟုတ်ပါတယ်အမေ...
မဖြစ်သင့်တဲ့ အရာတခုအတွက်
သား ပေးလိုက်ရတာ
တန်ဖိုးများလွန်းတယ်

နောက်ဘ၀ ဆိုတာ
သေချာလိုက်ချင်ပေမယ့်
ဆုတောင်ခြင်းကိုမယုံတဲ့ငါ
ညည့်နက်တဲ့အထိ ထိုင်
မနက်စောစော ထ
အလုပ်တွေထဲ ခေါင်းကိုထိုးနှစ်လို့

အခြားသူတွေနဲ့မတူတဲ့
ရင်ဗလာနဲ့လူပေါ့....။  ။

ကြခတ်(ရင်း-၈)
12: 15 Am on Saturday

photo by www.hellowhatdoyouwant.com
  

No comments:

Post a Comment