Tuesday, March 23, 2010

ဗီးနပ်စ်



ခဏခဏ ချော်လဲမိပါရဲ့
ပြန်မထမိဘူး....

တဘ၀လုံးပေးဆပ်တော့မယ်ဆိုမှ
တောမီးကတ၀ုန်းဝုန်း....

တသက်လုံးတောကျခဲ့ပြီးမှ
ခုတော့မြို့ဆန်ချင်ပြန်ရော...

ဒီလိုနဲ့ပဲ.....

ချစ်သူရေ...နင့်ကိုငါချစ်တယ်...
(ဟင့်အင်း)
ငါပြောမိလိုက်သလား ဒါမှမဟုတ်
သူမကြားဘူးလား...

(ရောခက်လိုက်တာ)

ထပ်အော်ပြောလိုက်တယ်
ကောင်မလေး..ရေ.. နင့်ကိုငါ
အရမ်းချစ်တယ်...

ဝုန်း....(အခန်းတံခါးပိတ်သံ)
အော်...သူဘယ်ကြားမလဲ
ငါက...အိပ်မက်ထဲမှာပဲ...။ ။

ကြခတ်(ရင်း-၈)

photo by lifeoflight.files.wordpress.com

No comments:

Post a Comment