Sunday, October 21, 2012

***မှော်ဝင်မာန***



***မှော်ဝင်မာန***

အခွံကိုထိုးခွဲ မြေလွှာကိုရုန်းထွက်
ရာသီဥတုတွေ ဆန်တက်ပြီးမှ
သစ်ပင်အဖြစ် 
ရှင်သန်ပြရတာ...
(သိပ်လွယ်မယ်ထင်နေရင်)
သစ်တ (တစ်) ပင်အဖြစ် ရှင်သန်ကြည့်ပါ။

ပင်စည်ကိုဖေါက် သစ်ခေါက်ကိုလှန်
ဝတ်လွှာတွေကန်ထွက်ပြီးမှ
ပန်းပွင့်အဖြစ် 
ပွင့်ပြရတာ...
(သိပ်လွယ်မယ်ထင်နေရင်)
ပန်းတ (တစ်) ပွင့်...ပွင့်ကြည့်ပါ

တွန့်တွန့်ခေါက်ခေါက်နဲ့ ဘ၀ကိုလျှောက်ပြီး
ငှက်စားမလား၊ ကြက်ဆိတ်မလားရယ်လို့
စိုးရွံ့စိတ်တွေနဲ့ အရေပြားကိုစုတ်ဖြဲပြီးမှ
သိပ်လှတဲ့လိပ်ပြာ ဖြစ်ပြရတာ....
(သိပ်လွယ်မယ်ထင်နေရင်)
လိပ်ပြာတ (တစ်) ကောင် ဖြစ်ကြည့်ပါ...။

ဝေဒနာလည်း...............မပါ
ရုန်းကန်သံလည်း...........မရှိ
ကျုပ်တို့ဘ၀ကို.........မသိရင်
လိပ်ပြာလည်း.............မဖြစ်
ပန်းလည်း...............မပွင့်တဲ့
သစ်ရိုင်းပင်....အဖြစ်...နဲ့တော့
ရှင်သန်လို့................မရတာ
သေ........ချာ.....တယ်....။   ။

ကြခတ်
October 22,2012  

No comments:

Post a Comment