Sunday, October 21, 2012

***ကျနော့်ရိုးရာမလေး***


***ကျနော့်ရိုးရာမလေး***

ရိုးရာဝတ်စုံနဲ့ ရိုးရာသီချင်း
နင်ဟာ..ရင်ခွင်တိုင်းကို
မြားတစင်းတည်းနဲ့
ထုတ်ချင်းခတ်ခွင်းနိုင်ခဲ့ပြီပဲ...
လင်းလက်တောက်ပ နင်ဘ၀ရဲ့
ခြေလှမ်းတိုင်း..အကြည့်တချက်ဝင့်လိုက်တိုင်း
အရာရာကို စွမ်းနိုင်ပါစေ....။ 

ကြည့်မိတဲ့တိမ်တွေ အိမ်မဖြစ်ခင်အထိတော့
စောင့်ရှောက်ရမှာပဲ..
ရိုးရာမလေးရေ...
ကိုယ်တိုင်ဝတ်မှုံကူးထားတဲ့ ပန်းမို့
(အတ္တကြီးတယ်ပဲပြောပြော)
လူတကာ ပေးမနမ်းနိုင်တာ
တရားပါတယ်..။

စကားပုံတခုရှိတယ်
"နေဖို့အတွက်...သေ၊ သေဖို့အတွက်နေ" တဲ့
နင့်အတွက်များဆိုရင် ငါဟာ...
နေ...လည်း မဖြစ်ချင်
လ...လည်းမဖြစ်ချင်
အရိပ်လည်းပေး အစာလည်းကျွေးတဲ့
ပန်းသီးပင်လေးသာ ဖြစ်လိုက်တော့မယ်...။

 ကြခတ်
October 20,2012

No comments:

Post a Comment