မင်းအကြောင်း စဉ်းစားလိုက်ရင်
လုပ်နေကြ အလုပ်တွေမေ့ကုန်တယ်
မင်းရဲ့ အသံလေး ကြားလိုက်ရင်
ကြားနေကြ ဂီတသံတွေပျောက်ကုန်တယ်
မင်းပုံရိပ်လေး မြင်လိုက်ရင်
ဆွဲလက်စ ပန်းချီကားတွေ ပျက်ကုန်တယ်။
မနီးစပ်တဲ့ မင်းအကြောင်း
မနီးစပ်တဲ့ မင်းအသံလေး
မနီးစပ်တဲ့ မင်းပုံရိပ်လေး
အခါခါ ငါလွမ်းနေမိတယ် ။
ချစ်သူရေ
(ဒါမှမဟုတ်)
ချစ်ရသူရေ
ချစ်သူများနေ့ရောက်တိုင်း
သီချင်းမဆိုတော့ဘူး
အလုပ်မလုပ်တော့ဘူး
ပန်ချီမဆွဲတော့ဘူး။
တွေ့တဲ့သက်ရှိ သက်မဲ့တိုင်းကို
အကူအညီတောင်းမယ်
ကျနော် သူကိုလွမ်းနေတယ်လို့ပေါ့။ ။
No comments:
Post a Comment