Labels
- ၀တ္ထု
- ၀တ္ထုတို
- ရုပ်ရှင်
- ရုပ်ရှင် သတင်း
- ရုပ်သံ သတင်း
- E book
- English
- ကဗျာ
- ကွန်ပြူတာနည်းပညာ
- ကျနော့်ချစ်သူ
- ခရစ်တော်
- ဂီတ သတင်း
- စာပေ သတင်း
- တိုက်တွန်းနှိုးဆော်ချက်
- ဓါတ်ပုံ
- ပညာရေး သတင်း
- ပုံပြင်
- ဘာသာရေး သတင်း
-့ မြ၀တီ တိုက်ပွဲ
- လူမှုရေး သတင်း
- သတင်း
- သတင်းဟင်းလေးအိုး
- သီချင်း
- ဟာသ
- အင်တာနက် သတင်း
- အထိမ်းအမှတ်များ
- အံသြစရာများ
- အသံ
- ဆေးလိပ်နှင့်ပတ်သက်သော
- ဆောင်းပါး
- ထေရုပ္ပတ္တိ
Sunday, February 6, 2011
ဆောင်းမီးဖို
မပြောလိုက်ရတဲ့ စကားတွေ
မရေးဖြစ်တဲ့ စာတွေ
မသိခဲ့ရတဲ့ စိတ်ကူးတွေ
မမက်ဖြစ်သေးတဲ့ အိပ်မက်တွေ
မသွားခဲ့ ရတဲ့ လမ်းတွေ
အားလုံး အားလုံး အစအဆုံးဟာ
နှလုံး ခုန်သံ နှစ်ချက် အတွင်းမှာ ရှိတယ်။
မနက်ခင်းတစ်ခုကို ဝေမျှမယ်
ကော်ဖီတစ်ခွက်ကို ဝေမျှမယ်
အိမ်တစ်လုံးကို ဝေမျှမယ်
ဘ၀တစ်ခုကို ဝေမျှမယ်
အိပ်မက်တစ်ခုကို ဝေမျှမယ်
အားလုံး အားလုံး အစအဆုံးဟာ
ဘ၀နှစ်ခု အတွင်းမှာ ရှိမယ်။
ခိုင်မာတဲ့ နားလည်မှုတွေ
သန့်စင်တဲ့ချစ်ခြင်းတွေ
ကိုယ်ကျိုးမဖက်တဲ့ ကာကွယ်မှုတွေ
ထပ်တူဖြစ်တဲ့ သိမြင်ခြင်းတွေ
အားလုံး အားလုံး အစအဆုံးဟာ
လူနှစ်ဦး ကြားမှာ ရှိတယ်။
နှလုံးခုန်သံ နှစ်ချက်
ဘ၀ နှစ်ခု
လူနှစ်ဦးကြားမှာ
ဆောင်းမီးဖိုလေးရှိမယ်။
သူငယ်ချင်းတယောက် တင်ထားလို့ ခိုးလာတာ.....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment