
မှောင်လွန်းတဲ့ညမှာ သိပ်ပူလွန်းသလားကွယ်
ရင်အစုံကို ခြေနဲ့နင်း
ငါ့ချစ်ခြင်းတွေ တစစီ...တစစီ..
ကြွေစေပေါ့။
ရုပ်ကပဲဆိုးလို့လား
ပိုက်ဆံပဲမရှိလို့လား
အချိန်တွေပဲရှားလို့လား
ယုံကြည်ချက်ကို အသက်လိုချစ်တာကပဲ
ကင်ဆာတခုထင်ပါ့။
ခုတော့ငါ အရင်လိုပါပဲ
ဘာပဲဖြစ်ဖြစ် နောက်မဆုတ်နိုင်ဘူး
ကိုယ်ယုံကြည်ရာကိုလုပ်ရင်...
ဘ၀ကို ရှင်းရှင်းလေး နေပါရစေ။
ချစ်သူကိုချစ်တယ်
ဘ၀ကိုချစ်တယ်
ကမ္ဘာမြေကြီးကိုချစ်တယ်။
ဒါပေမယ့်လည်း လောကကြီးရယ်
ရထားသံလမ်းနှစ်ခုလို သူမနဲ့ ကျနော့်ကို
ဘာဖြစ်လို့ ဖန်တီးထားရတာလဲ။
ကံကြံမ္မာ ရထားကြီးကို နှစ်ယောက်လုံး
ပုခုံးနဲ့ထမ်းနေပေမယ့်
ကျနော်တို့ နှစ်ယောက်ကို
ဆုံစည်းခွင့်မပေးခဲ့ပါလား။
မတောင်းဆိုတော့ပါဘူး
မတောင်းဆိုဝံ့တော့ပါဘူး
အရာရာတိုင်းကို သင်သာဖန်တီးပါတော့လို့
တိုင်တည်လိုက်ချင်တယ်။
သြော်.... ခုတော့...
ဒီကောင်မလေးအတွက် ဆိုတဲ့ သီချင်းနဲ့
ဒီကောင်မလေးအတွက် ဆိုတဲ့ ကဗျာကို ခံစားရင်း..
ဖြတ်....သန်း....ရင်း...
ငါ...။ ။
(ချစ်သူတို့ ချစ်ခြင်းမြစ်အစင်းစင်းလို ပေါင်းစည်းနိုင်ပါစေ)
ကြခတ် (ရင်း-၈)
No comments:
Post a Comment