Saturday, January 29, 2011

သိသူဖေါ်စား မသိသူကျော်သွား

Add caption




















တရက် မောင်ရင့်ရဲဘော်ရဲဘက် တယောက်ကသူမန်ဘာဝင်ထားတဲ့ ကုမ္ပဏီတခုမှာ အပတ် စဉ်ဆွေးနွေးပဲရှိတယ် လိုက်ခဲ့မလားလို့ဆွယ်တာနဲ့ လိုက်ဖြစ်သွားပါ တယ်ကုမ္ပဏီက ကားနဲ့ အိမ်တိုင်ရာရောက် လာခေါ်ပါတယ် မောင်ရင့်သူငယ်ချင်းနဲ့ အပေါင်းအဖေါ်၆ ယောက်လောက် လိုက်သွားလိုက်ပါတယ်။

ကုမ္ပဏီကိုရောက်တော့ နားလည်လိုက်တာက ဆေးနဲ့စားသုံးကုန်ပစ္စည်းတွေကို ရောစပ်ထား တာရယ် နောက်တခုက သဘာဝပစ္စည်းတွေနဲ့ ဖေါ်စပ်ထားကြောင်းကို အနောက်စာလုပ်သူက မိတ်ဆက်ပေးပါတယ် လက်တွေ့တွေလဲ အမျိုးမျိုးစမ်းသပ်ပြပါတယ် စမ်းသပ်ပုံတွေကတော့ အခြားကုမ္ပဏီတွေက ထုတ်လုပ်တဲ့ သူတို့နဲ့တူတဲ့ကုန်ပစ္စည်းတွေကို ယှဉ်တွဲသုံးပြတာပါ။

ဘယ်လိုကောင်းကြောင်း ဘယ်လိုအသုံးဝင်ကြောင်း စသဖြင့်ပေါ့ ဒါလောက်ကတော့ မောင်ရင် ဘယ်ရင်ခုန်လိမ့်မလဲ အဲ့ သိပ်မကြာပါဘူး စီးပွားရေးဇယားကွက် ဆိုတဲ့အစီအစဉ်စတင်ပါတယ် အသက် ၂၀ လောက်လူငယ်တယောက်က မိတ်ဆက်ပေးတာပါ ဒါကတော့ နည်းနည်းစိတ်ဝင် စားစရာဖြစ်လာပါတယ်။ သူတင်ပြတာကတော့ ဒီကုမ္ပဏီရဲ့မန်ဘာတွေရဲ့ခံစားခွင့်တွေကိုအ ရင်ရှင်းပြပါတယ် ကုမ္ပဏီမန်ဘာဟာ ခံစားခွင့်တော်တော်များများကို ပေးထားပါတယ် အခြား ကုမ္ပဏီတွေနဲ့ကွာခြားတာက ကားထုတ်ပေးတယ်ဆိုပါတော့ အပိုင်ပေးတာဖြစ်ပြီး ကိုယ်ဘာ သာရောင်းချင်ရောင်း စီးချင်စီး ကြိုက်သလိုလုပ်လို့ရပါတယ်။

နောက်သူ့ရဲ့ဝန်ဆောင်မှုကတမျိုး မောင်ရင်တုံးတာပဲဖြစ်မယ် အခြားဘယ်နေရာမှာမတွေ့ဖူး သေးပါဘူး သူတို့ကုမ္ပဏီကထုတ်တဲ့ ကုန်ပစ္စည်းတွေကို ဘယ်ဆိုင်မှာမှမတင်ပါဘူး သူတို့ ကုမ္ပဏီကဖွင့်တဲ့ ဆိုင်တွေကလွဲရင်ပေါ့ နောက်မန်ဘာအနေနဲ့ဝယ်ရင် ရာခိုင်နှုန်းတော်တော် များများလျှော့ပေးပါတယ် နောက်ထပ်ဝင်မယ့်မန်ဘာ တွေကိုလည်းစည်းရုံးနိုင်ပါတယ် ပစ္စည်း တွေကိုလည်း အမြတ်နဲ့ရောင်းနိုင်ပါတယ် အချို့မန်ဘာတွေဆိုရင် တလကိုဘတ်တသောင်း လစာသဘောမျိုးရကုန်ပါပြီ။

ကိုယ်ကြိုးစားရင် ကြိုးစားသလောက်အကျိုးရှိတဲ့ အလုပ်လို့ပြောလို့ရပါတယ် စစချင်းမှာတော့ တလကို ၄၀ လောက်ပဲရလို့ စိတ်ဓါတ်ကျစရာပါ ဒါပေမယ့်လုပ်သက်ရင့်လာလေ ၀င်ငွေတိုး လာလေပါလို့ မန်ဘာတဦးကပြောပါတယ်။ ဈေးကွက်ကို အသစ်ထိုးဖောက်တာလို့ မောင်ရင် ကတော့ထင်ပါတယ်။ ကိုယ်တိုင်သုံးမယ် အခြားသူတွေကိုဖြန့်မယ် တိုးရင်တိုးသလိုခံစားခွင့်ရှိ ပါတယ် ကျနော်တို့လို ရွှေ့ပြောင်းမြန်မာတွေအတွက် အခွင့်ကောင်းတခုပါ ဘာလို့ဆိုတော့ ဘာခွဲခြားမှုမှမရှိလို့ပါ ၂၅၀ ဘတ်ပေးပြီး မန်ဘာဝင်လိုက်ရင် ထိုင်းပဲဖြစ်ဖြစ်မြန်မာပဲ ဖြစ်ဖြစ်ခံ စားခွင့်အတူတူပဲပေးထားပါတယ် မြန်မာပြည်မှတ်ပုံတင်နဲ့ ၀င်လို့ရသလို အလုပ်သ္မားလက်မှတ် နဲ့လည်း ၀င်လို့ရပါတယ်။

ကုမ္ပဏီက ထုတ်တာတွေကတော့ အိမ်သုံးအသုံးအဆောင်တွေပါ ဆပ်ပြာမှုန့်၊ ဆပ်ပြာကစလို့ ကော်ဖီမစ်အဆုံးပါပါတယ် ထူးခြားတာကတော့ မောင်ရင်အပေါ်မှာ မိတ်ဆက်ထားသလိုကျန်း မာရေးနဲ့ပါတ်သက်တဲ့ ဆေးဖက်ဝင်သဘာဝ အသီ၊ အပွင့် တွေနဲ့ထုတ်လုပ်ထားတာဖြစ်ပါ တယ် ကံဆိုးချင်တော့ မောင်ရင်မှာကင်မရာကောင်းကောင်း မရှိတာပါပဲ ဒါပေမယ့်ဖုန်းလေးနဲ့ ဖြစ်သလောက်လေးပဲ ရိုက်ခဲ့ပါတယ် အသံလည်းရသလောက်သွင်းခဲ့ပါတယ်။

သေချာတာကတော့ သိသူကျော်သွား မသိသူဖေါ်စား ပါပဲ မောင်ရင်တို့ကိုမိတ်ဆက်ပေးတဲ့ ကုမ္ပဏီခွဲ ပိုင်ရှင်ဆိုရင်အရင်က စက်ရုံအလုပ်သ္မားတယောက်ပါ ဒီကုမ္ပဏီနဲ့အဆက်အသွယ် ရပြီး နောက်ပိုင်းမန်ဘာဝင်လိုက်ပါတယ်။ အကျိုးအမြတ်ကိုမသိပေမယ့် သူ့မိတ်ဆွေတွေကို မန်ဘာဝင်ဖို့ လိုက်စည်းရုံးသလို တဖက်ကလည်းကုန်ပစ္စည်းတွေကို ရောင်းချပါတယ် ၆ လ အကြာမှာတော့ ကုမ္ပဏီကဖိတ်စာနဲ့တကွ ဘန်ကောက်တက်ဖို့ လက်မှတ်ရောက်လာပါတယ် ကြည့်လိုက်တော့ သူမန်နေဂျာအဖြစ် ရာထူးတိုးခံရသလို ရောင်းအားအမြင့်ဆုံးဆုကို ပေးတာ ဖြစ်နေပါတယ်။

အခုဆိုရင် သူဟာကုမ္ပဏီခွဲတခုကို ထောင်နိုင်ခဲ့သလို သူလိုဘ၀တူမြန်မာရွှေ့ပြောင်း အလုပ် သ္မားတွေကိုလည်း သူ့လိုပဲအကျိုးများစေဖို့အတွက် လိုက်လံနှိုးဆောက်လျှက်ရှိပါတယ်။

ကုမ္ပဏီနာမည်က ZHULIAN ဖြစ်ပါတယ်။ အသေးစိတ်သိချင်တယ်ဆိုရင်တော့ မဲဆောက်ဆေးရုံကြီး အနီး မန္တလေးလမ်း ထုံထောင်းရပ်ကွက် နောင်ရိုးလ္ဘက်ရည်ဆိုင် မှာစုံစမ်းလို့ရပါတယ်။ (ရန်မကင်းစက်ရုံ လမ်းထိပ်) ဖုန်းနံပါတ်ကတော့ 0875222968   0878480172 တို့မှာဆက်သွယ်မေးမြန်းနိုင် ပါကြောင်း...။

စမဂ္ဂ (ခ) မောင်ရင်

No comments:

Post a Comment