Thursday, December 23, 2010

မောင်ရင် သိက္ခာချခံရခြင်း


ဘာလိုလိုနဲ့ ကျနော်လည်းမဲဆောက်ဆိုတဲ့ (ကျနော်တို့သတ်မှတ်ထားတဲ့) မြို့ပြကိုရောက်ခဲ့တာ ၂ နှစ် ပြည့် သွားပြီ။

၂ နှစ် အတွင်မှာ အလုပ်အကိုင်တွေကတော့ နည်းနည်းစုံ သွားတယ်။ ပထမ ၀ပ်ဆိုဒ်သင်တယ် စာတွေ ဘယ်လိုတင်ဘယ်လိုချ..စသဖြင့်ပေါ့။ နောက်တော့ အိမ်ထဲမှာနေရတာ နည်းနည်းပျင်းလာတယ်ဗျ။ ဒါနဲ့အ ပေါင်းအသင်း နည်းနည်ထားလိုက်တယ်.. မျက်နှာငယ်လိုက်တာဗျာ၊ တောထဲမှာနေတုန်းက ခပ်တင်တင်းပဲ ငပိ ငြုပ်သီးနဲ့နေခဲ့တာ။

ဘယ်သူ့ကိုမှ အောက်ကြို့ရိုးထုံးစံမရှိဘူးလေ သိတယ်မဟုတ်လား ရဲဘော်ဘ၀ဆိုတာ ကိုယ့်အလုပ်ကိုယ် လုပ် သူ့အလုပ်သူလုပ် ဒါပဲ။မဲဆောက်မြို့ပြကတော့ ဒီလိုမဟုတ်ပေါင် ကျနော်က ဆေးလိပ်ဆိုသိပ်ကြိုက်ဗျ ကျန်းမာရေးတွေဘာတွေလည်း နားလည်သင့်သလောက်တော့ နားလည်တာပေါ့ဗျာ။ ဒါပေမယ့် ဆေးလိပ် မ သောက်တတ်တဲ့ လူတွေကိုကြည့်ကြည့်ပြီး လူဖြစ်`ရှုံးလိုက်တာလို့ မြင်တတ်တဲ့ ကျနော့်လိုကောင်က ဆေးလိပ်ကြိုက်တာမဆန်းပါဘူးလေ။ 

ခက်တာက အဲသည့်ဆေးလိပ်ရဖို့အတွက်က ပြဿနာဗျ ကိုယ်ဆြာကလည်း ဆေးလိပ်သောက်တာ မကြိုက် တော့ ကျနော့်နဲ့ တော်တော်ပြဿနာပဲလေ... ။

ဒါကထားပါ ထားလို့မရတာက ကျနော်ကလခစားမဟုတ်ဖူးလေ အဲ့သည်တော့ ပိုက်ဆံမရှိဘူးလေ.. ဒီတော့ဆေးလိပ်ဖိုးဆိုတာကို လိုက်ရှာရတော့တာပေါ့... ဘယ်မှာလဲဆိုတော့ ကိုယ့်နဲ့ခင်သမျှသူတွေဆီမှာ မျက်နှာပူပူနဲ့ တောင်ရတော့တာပေါ့ ပိုက်ဆံရှာလို့တတ်ပါတယ် ကျနော့်ကိုက ၀တ်ကြွေးပါနေလို့ထင်ပါရဲ့ ဒီပိုက်ဆံမရတဲ့ အလုပ်ကိုပဲခင်တွယ်နေတာလေ..အဲ့သည်တော့ ဘာတွေဖြစ်လဲ ..။

သိက္ခာတွေပေါ သိက္ခာတွေ အပုံလိုက်အထပ်လိုက် ချွှမ်းကနဲ ဂွမ်းကနဲကျတာ မြို့ပြကလူတွေက ရှင်းရှင်းပြောရရင်ကျနော်တို့နဲ့ ဖြောင့်ဖြောင့်ကြီးမဟုတ်တောင် နည်းနည်းလေးတော့ ကွာကြတယ်ဗျ.. ကျ နော်က တောထဲမှာအသားကျသလိုလို မြို့ပြမှာအသားကျသလိုလိုနဲ့ တကယ်တော့ မြိုပြနဲ့အံမ၀င်ပါဘူး။ ကျနော်တို့က သေသေကြေကြေ အစစအရာရာစွန့်လွှတ်ထားပြီးသား... သူတို့ကျတော့ အနည်းဆုံး သား၊ မယား ဆိုတာလေးတော့ လည်ပြန်တတ်ကြတယ်လေ။

နောက်လူကို ဆက်ဆံရင်လည်း မတူသလိုလိုမတန်သလိုလို ကိုယ်ကပဲညစ်ပတ်နေသလိုလို မသိရင် သူတို့ ပစ္စည်ပဲကိုယ်ကခိုးတော့မလိုလို....၊ အဲ့သည်လိုဆက်ဆံရေးတွေဗျ အစကတော့ကျနော်လည်း သေချာမသိ တော့သူတို့ကို အထင်တွေကြီးလိုက်တာ သူတို့လုပ်သမျှအထင် တအံတသြနဲ့ပေါ့ တောသားမြို့တက်နဲ့ နည်နည်းတူမယ်ထင်တယ် နောက်သိပ်မကြာဘူး ကျနော်လည်း ပညာရေးစိတ်ဝင်စားတာနဲ့ ကျောင်းတက် တယ်ပေါ့ဗျာ အဲမှာဇာတ်လမ်းက စတော့တာပဲ ဘာတွေမှန်းကိုမသိတော့ဘူး။

ကျနော့်စရိုက်ကလည်း သိတဲ့အတိုင်းပဲလေ ဘာကိုမှအကြောက့်အလန့်မရှိတာ ကြောက်စရာလဲဘာလိုလို့လဲ အားလုံး တနေ့ကျရင်သေကြမှာပဲဟာ အဲ့လေးစားမှုတော့ရှိတာပေါ့ ဒါပေမယ့် ကျနော်ပြတဲ့လေးစားမှုက သူတို့ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမယ်..။ အဲတာတွေကိုမချိုးဖောက်တာဟာ သူတို့ကိုလေးစား တာပဲကျနော်ကဒီလိုပဲသတ် မှတ်တာ အဲမှာလွဲတာပဲ သူတို့ (တချို့သောခေါင်းကြီးတွေ) က ကြောက်ရွံ့မှု ကိုလေးစားမှုလို့ မြင်ကြတာ အဲမှာ ကျနော့် နဲ့ သူတို့လွဲကြလေသတည်းပေါ့ဗျာ။

ကျနော့်အထင်မမှားဘူးဆိုရင် သူတို့ထဲက အချို့လူတွေဟာ ကျနော့်ကို သောက်မြင်တောင်ကပ်နိုင်တယ်။ ကပ်ချင်လဲ ကပ်စရာပဲလေ ကျနော်ကလည်း အမြင်ကပ်တာပါပဲ လုပ်နေတာက ပိစိလေးဘ၀င်က ထန်းပင်ထိပ်မှာရောက်နေတာကိုး ပြောတဲ့စကားကိုကြည့်လေ "ဒါအဖွဲ့အစည်းကို စော်ကားတာပဲ" အမလေး လန့်သွားတာပဲ ကျနော်တို့ဆီမှာ အဖွဲ့အစည်းကို စော်ကားရင်သေဒဏ်လေ နှဖူးကျည်သင့်တာပဲ။ အော် ဘယ်သူ့ဆီကများ အဲ့သည့်စကားရသွားပါလိမ့် လို့စည်းစားမိတယ်အဲလိုအပြောခံရပြီဆိုရင် ဖြေရှင်ပေတော့ ပြောခံရသူရော ပြောသူပါ.. အကြီးအကျယ်ကိုရှင်းရတာ။

သူတို့မှာတော့ ရေချိုး၊ သေးပေါက် သုံနေလိုက်ကြတာ.. ဒါနဲ့ သိပ်မကြာပါဘူး ကျနော့်နဲ့ ထိပ်တိုက်တိုးဖို့ ကံကြမ္မာက ဖန်လာပါလေရောဗျို့ တရက်ပေါ့....

ကျနော်တက်ရတဲ့ ကျောင်က ဆယ်တန်းလွန်ပေါ့ (ပိုစ့်တန်း post-10) အင်္ဂလိပ်၊ ထိုင်း ၂ ဘာသာသင် တယ်ဗျ။ အင်္ဂလိပ်မှာ နည်းနည်းအဆင်ပြေတယ် ဘာလို့ဆိုတော့ တက်ကြတဲ့ကျောင်းသား အားလုံးနီးပါးက အင်္ဂလိပ်ဘာသာကို အနည်းနဲ့အများ တီးမိခေါက်မိထားတယ်လေ အကျိုးအပဲ့လောက်တော့ ဖွတ်တတ်တာ ပေါ့ ဆရာတွေကလည်း နားလည်ပါ တယ်.. သူ့ဟာနဲ့သူ အဆင်ပြေတယ်လို့ ဆိုရမှာပေါ့။

ဂွကျတာက ထိုင်းဘာသာသင် တဲ့အချိန်ဗျ သင်တာက ဆရာမ မြန်မာလိုလည်း မတတ် အင်္ဂလိပ်လိုလဲမရနဲ့ တော်တော့်ကို ဂွကျတယ်ဗျ ပြဿနာကလည်း ပြောမနေနဲ့ ခဏခဏကိုတက်တာ သူ့မှာသင်ရိုးတွေပြောင် တာ ၃ ကြိမ်မကပြောင်လိုက်တာ တခုမှအဆင်မပြေဘူး ဖြစ်နေရှာတာ၊ ကျနော်လည်း သူ့ကိုသနားတယ် ဘာလို့ဆိုတော့ သိတဲ့အတိုင်းလေ သူကငယ်လဲငယ် ပညာအရည်အချင်းကလဲ မရှိနဲ့နောက် သူထိုင်းစာသင် ပေးရတာ မနည်းဘူးဗျ မူကြိုအဆင့်ကနေ ကျနော်တို့ ပိုစ့်တန်းအထိ ဆိုတော့ သူ့ခမျာ တနေ့လုံးပြေးနေရ ရှာတာ။

ပိုက်ဆံတော့ရတယ်ဗျ ဆရာတွေ ဆရာမတွေထဲမှာ သူ့လခက အများဆုံးပဲ... ။ ကျနော်လည်းကြိုးစားသင် ကြည့်ပါသေးတယ် ဘာလို့ဆိုတော့ ကိုယ်ကထိုင်းနိုင်ငံမှာ တော်တော်ကြာကြာနေရဦးမှာကိုး မတော်အိမ် ထောင်တွေ ဘာတွေတောင်ကျသွားနိုင်သေးတယ် တတ်ထားသင့်တဲ့ ဘာသာထဲမှာထိုင်းလည်းပါတာကိုး.. ကျနော်ကရင်စကားကို လည်းဒီလိုပဲသင်ခဲ့ရတာပဲ ... ထုံးစံအတိုင်းပေါ့ဗျာ နောက်လိုက်ပြောင်လိုက်နဲ့သင် လာလိုက်တာ။

အဲသည့်နေ့က သူပြောတာကိုကျနော် လုံးဝနားမလည်လိုက်ဘူးဗျ အဲတာနဲ့ ကော်ပီယူပြီး နောက်လိုက်တာ ပြဿနာတက်ပါလေရော ငိုလိုက်တာ နှပ်တွေဘာတွေတောင်ထွက်လို့ အစကဘာမှန်းတောင်မသိဘူး ကျနော်တို့လည်း ဘူမသိကိုးမသိနဲ့ သွားတောင်းပန်သေးတယ် ... ဒါပေမယ့်မရပါဘူး ။


နောက်တော့ ခေါင်းစဉ်အတပ်ခံရပါလေရော ကိုယ့်အဖွဲ့အစည်းကိုယ်ပြန် ကျောင်ကိုအဲ့သည့်က တက်ပေါ့ဗျာ နေရာက အရေးမကြီးပါဘူး ကျနော့်အတွက် ဘယ်နေရာသွားနေနေ အစဉ်ပြေပါတယ် ဒါပေမယ့်သိက္ခာလေ သိက္ခာကျတာပေါ့ မောင်းထုတ်ခံရတာနဲ့  ဘာထူးသေးလဲ ဖြစ်တဲ့ပြဿနာက ဘားမှမဟုတ်ပေမယ့် နာမည် ကတော့ ကိုယ့်ကိုစာလာသင်ပေးနေတဲ့ ဆရာမကိုစော်ကားတာတဲ့ စော်ကားသလိုဖြစ်တာတဲ့ အဲဒါအဖွဲ့အ စည်းကိုစော်ကားတာနဲ့ အတူတူပဲတဲ့.. အရပ်ကတို့ရေ ကြားကောင်းကြသေးရဲ့လားလို့ အော်လို့ရရင် အော်လိုက်ချင်တယ်... တကယ်ပြောတာ။

ကျနော်အတွက် မဲဆောက်မြို့ပြက သိက္ခာချတာ နှစ်ခါရှိသွားပြီ....
ပြောမဲ့သာ ပြောရတာပါ နောက်အပတ်ကျောင်းဖွင့်ရင် အဲ့သည့်ထိုင်းဆရာမကိုပဲ သွားတောင်ပန်ရဦးမယ် ကျောင်းပြန်တက် ဖို့လေ သူကမတက်နဲ့ဆိုရင်တော့ မောင်ရင့်သိက္ခာ ထပ်ကျပြန်ရောပေါ့... ဒါပါပဲဗျာ အားမတန်မာန်လျှော့တဲ့ လျှော့ရလွန်းလို့ လူလည်းပိန်ပိန်လေးပဲ ကျန်တော့တယ် အော်လောက လောက ဘယ်တော့များ မတရာမှုတွေ ပပျောက်မ လဲ.....။  ။

No comments:

Post a Comment