နှလုံးသား ကွပ်လပ်မရှိတဲ့သူကို သေလောက်အောင် ကွပ်လပ်ဖြည့်ချင်နေမိတယ်... ဘယ်သူတွေက စသတ် မှတ်သွားမှန်း ကိုမသိရတဲ့ တဖက်သတ်အချစ်ဆိုတာကြီးကို ရင်မှာပိုက်ထားလို့ လူလည်း ငိုက်စိုက်ငိုက်စိုက် နဲ့.... တွေ့လိုက်တိုင်း တွေ့ လိုက်တိုင်းတိတ်တိတ်လေး ပြောမိတာတွေက ကောင်မလေး ငါ့အတွက်တော့ နင့်အလှဟာ ဗီးနပ်စ် ဆိုတဲ့အချစ်နတ်ဘုရား မတောင် မမှီပါဘူး။
(ဘယ်မှီမလဲ သူကခါးတုတ်ပြီး လက်တွေမပါဘူးလေ:D) နင်ငါ့ကိုကြည့်လေ့ရှိတဲ့ မျက်လုံးသက်သက် အကြည့်တွေနဲ့တင် ငါ့နှလုံးသား မလေးရီးယား (Malaria) စားသွားပါတယ်။ တခါတလေပြုံးလေ့ရှိတဲ့ နင့်ရဲ့ နှုတ်ခမ်းသက်သက် အပြုံးတ ချက်ကိုမြင်တိုင်း နေဦးရနံကိုစရှူမိတဲ့ တောအရိုင်းပန်းလို ရင်ခုန်သံတွေ ၀ုန်းဒိုင်းမြည်သံနဲ့ ထပွင့်ခဲ့ရတာ နင်ကိုယ်တိုင် ညာမရလောက်အောင် သိသာနေခဲ့ပါလားကွယ်။
ငါသာ လီယိုနာဒိုဒါဗင်ချီဆိုရင် မိုနာလီဇာပုံကိုမဆွဲခဲ့ဘူး ဘာလို့ဆိုတော့ အခုကြည့်လေ တကမ္ဘာလုံးက ပုရိသတွေသူ့ပုံ ကိုဝိုင်းကြည့်နေကြတာ သူမခမျာရှက်ရှာတော့မပေါ့။ အဲလိုပါပဲ ကောင်မလေးရေ နင့်ကိုငါ ဘယ်တော့မှပုံမဆွဲဘူး တကယ် လို့ပေါ့ ဆွဲခဲ့မယ်ဆိုရင်တောင် လူတွေသူတွေမမြင်နိုင်တဲ့ ငါ့နှလုံးသားထဲမှာပဲထည့်ဆွဲထားမယ် မျက်လုံးထဲကတော့လျှံမကျ လာနဲ့ပေါ့။
ငါ့ထက်ချောတယ်၊ ငါ့ထက်ပညာတတ်တယ်၊ ငါ့ထက်ငွေပိုရှိတယ်၊ အို.....ပိုလိုက်တဲ့ဂုဏ်ဒြပ်တွေ ဒါတွေငါမမှီခဲ့ပါဘူးဘာ ဆိုဘာမှလည်း မရှိပါဘူး ကဲပိုကွာ သာကွာ မင့်အချစ်ကိုမရတဲ့နောက် ဘာတွေသာနေလဲငါ့တွက် ထူးဦးမှာလား............. ဒီတခါတော့ ကြူးပစ်ကိုအကြီးအကျယ်စိတ်နာတယ် ဘယ့်နယ့်ငါ့အလှည့်ရောက်မှ မြှားကုန်ရတယ်လို့။
တခုတော့သတိပေးထားပါရစေ... အချစ်=အချစ် ဒါမှန်ပါတယ်... ဒါပေမယ့်ပြန်လာတာက အချစ်=သူငယ်ချင်းတဲ့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ်တဲ့... ငါဘက်ကိုမြန်မြန်သက်ရောက်ပါတော့ ချစ်သူရယ်။
No comments:
Post a Comment