ဒီသင်္ကြန်မှာ
ရန်ကုန်မှာ ဗုံးပေါက်ပြီး
မဲဆောက်မှာ ဂုံးထောက်တယ်...။
ဒီသင်္ကြန်မှာ
ကလေးတွေ ကပြီး
လူကြီးတွေ မတယ်...။
ဒီသင်္ကြန်မှာ
နိုင်ငံမဲ့တယောက်ကို
နိုင်ငံမသိသူတယောက်က
စကေဘာနဲ့ထိုးတယ်...။
ဒီသင်္ကြန်မှာ
တောကျားတကောင်က
သူမျက်မုန်းကျိုးနေသူတွေကို
(စိတ်ကူးထဲကနေ)
ရန်ကုန်မှာ ဗုံးပေါက်ပြီး
မဲဆောက်မှာ ဂုံးထောက်တယ်...။
ဒီသင်္ကြန်မှာ
ကလေးတွေ ကပြီး
လူကြီးတွေ မတယ်...။
ဒီသင်္ကြန်မှာ
နိုင်ငံမဲ့တယောက်ကို
နိုင်ငံမသိသူတယောက်က
စကေဘာနဲ့ထိုးတယ်...။
ဒီသင်္ကြန်မှာ
တောကျားတကောင်က
သူမျက်မုန်းကျိုးနေသူတွေကို
(စိတ်ကူးထဲကနေ)
AK 47 နဲ့ပယ်ပယ်နယ်နယ်ကြီး
လိုက်ပစ်တယ်..။
ဒီသင်္ကြန်မှာ
ထူ အ လှတဲ့
တောကျားတကောင်
ချောင်တချောင်မှာ မျက်နှာဖုံး တွေအကြောင်း
တွေးတယ်...ငေးတယ်...။
ဖြစ်နိုင်ရင်
ငယ်ငယ်က ပတ်ပြေးခဲ့ရတဲ့
မဏ္ဍပ်လေးကိုပဲ ပြန်ချင်တော့တယ်။
သည်လိုနဲ့ပဲ အစာမကြေတဲ့ရင်နဲ့
"တယ်" တွေများလှတဲ့ ကဗျာ
သည်နေရာမှာ မပြီးချင်ပဲ ပြီလိုက်ရရော...။ ။
လိုက်ပစ်တယ်..။
ဒီသင်္ကြန်မှာ
ထူ အ လှတဲ့
တောကျားတကောင်
ချောင်တချောင်မှာ မျက်နှာဖုံး တွေအကြောင်း
တွေးတယ်...ငေးတယ်...။
ဖြစ်နိုင်ရင်
ငယ်ငယ်က ပတ်ပြေးခဲ့ရတဲ့
မဏ္ဍပ်လေးကိုပဲ ပြန်ချင်တော့တယ်။
သည်လိုနဲ့ပဲ အစာမကြေတဲ့ရင်နဲ့
"တယ်" တွေများလှတဲ့ ကဗျာ
သည်နေရာမှာ မပြီးချင်ပဲ ပြီလိုက်ရရော...။ ။
ကြခတ် (ရင်း-၈)
photo by www.ok4me2.net

No comments:
Post a Comment