အခင်းဖြစ်တဲ့ X2O

မဏ္ဍပ်မှာ လူတွေ ပြေးပြီ

ရဲတွေ အလုပ်ရှုပ်ပြီ

လူတွေအားလုံး လစ်ကြပြီ

ရဲတွေလည်း ဘာလိုက်လို့ လိုက်ရမှန်းမသိ

လူနာတင်ယာဉ်

အထဲမှာ ကောင်မလေး ရှစ်ယောက်လောက်

အခင်းဖြစ်တဲ့ X2O မဏ္ဍပ်

မဏ္ဍပ်ရှေ့ မှာ လုံခြုံရေး အပြည့်

သေဆုံး ဒဏ်ရာရသူတွေကို သယ်ပြီ

ဒီထက်ပိုပြီအနားကပ်မရ

တခြားမဏ္ဍပ်တွေလည်း ဘာဖြစ်မှန်းမသိ ဘာလုပ်ရမှန်းမသိ

လူနာတင်ယာဉ်လည်း ခက်ခက်ခဲခဲ လာရတယ်

စွမ်းအားရှင်တွေရော ရဲတွေရော

လူ/ကား ဘာကိုမှ ဖြတ်ခွင့် မပြုတော့ဘူး

ရဲတွေ ရောက်လာတာ မြန်တယ်

ထွက်ပြေးကြတော့ လူပိပြီး ဒဏ်ရာရတဲ့သူတင် မနည်းဘူး

လုံခြုံရေးရဲများ

လူတွေလည်း ဘာဖြစ်မှန်း သေချာမသိတော့ အုံကြည့်နေတာပဲ
ကန်တော်ကြီး X2O မဏ္ဍပ်မှာ ဗုံး နှစ်လုံး (သို့) သုံးလုံး ပေါက်တယ်။ မဏ္ဍပ်ပေါ်မှာပေါက်တာမဟုတ်ဘဲ အောက်ကနေ ပေါက်ကွဲတာ ဖြစ်ပါတယ်။ ပထမတော့ လူတွေက DJ လုပ်တယ်ထင်ပြီးသိပ်ပြီး သတိမထား လိုက်ကြပေမယ့် နောက်အလုံးတွေမှာ လူတွေအားလုံး ထွက်ပြေးကြပါတယ်။ X2O မဏ္ဍပ်ဟာ လူစည်ကားတဲ့ မဏ္ဍပ်တစ်ခုလည်း ဖြစ်ပာတယ်။ လူတွေဝရုန်းသုံးကား ထွက်ပြေးကြတော့ ထိခိုက်လဲပြိုလူပိပြီးထိခိုက်ဒဏ် ရာရတဲ့သူတွေလည်း မနည်းပါဘူး။ ပောက်ကွဲတဲ့ အနီးအနားက လူ ၄-၅ ဦးလောက် သေဆုံးတယ်လို့ သိရပါ တယ်။ (နောက်ဆုံးရ ခိုင်မာတဲ့ သတင်းရပ်ကွက်က လူ ၃၀ ခန့်သေတယ်လို့ဆိုပါတယ်။ ဖြစ်ပွားချိန်မှာသေ တာ ဆယ်ဦးလောက် ဖြစ်ပါတယ်။ အနီးအနားမှာရှိနေတဲ့ အရာရှိကြီးတဦးလည်း ဗုံးထိမှန်တယ်လို့သိရပါ တယ်)
အခင်းဖြစ်ပွားရာ နေရာက ကျနော်တို့နဲ့ မလှမ်းမကမ်းမှာပဲ ဖြစ်ပါတယ်။ စစချင်း လူတွေထွက်ပြေးချိန်မှာ သေ နတ်နဲ့ပစ်သလိုလို၊ ထရန်စဖော်မာပေါက်ကွဲသလိုလို မရေမရာသတင်းတွေဖြစ်လာပေမယ့် ခဏအကြာမှာ တော့ ရဲတွေ၊ လုံခြုံရေးတွေ၊ မီးသတ်ကားတွေ၊ သူနာပြုယာဉ်တွေ ရောက်လို့လာပါတယ်။ အဲဒီမဏ္ဍပ်ကလူ တွေအားလုံးကို ဆင်းခိုင်းလိုက်ပြီး ပတ်ပတ်လည်ကို လုံခြုံရေး ယူလိုက်ကြပါတယ်။ အနီးအနားက Black Culture, Black Jack, 16.9, စတဲ့ မဏ္ဍပ်တွေလည်း ပိတ်လိုက်ကြရပါတယ်။ သူနာပြုကားပေါ်မှာ အမျိုသမီးငယ် ရှစ်ဦးခန့် ပါသွားတာကို မြင်လိုက်ရပါတယ်။ မဏ္ဍပ်ဘေးနားက ဈေးသည်များနဲ့ မဏ္ဍပ်က ရေကစားသူများကို မေးမြန်းချက်အရ ဗုံးကွဲတယ်လို့ အတည်ပြုချက် ရယူလိုက်နိုင်ပါတယ်။

သတင်းအပြည့်အစုံကို သည် နေရာမှတဆင့် ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။ ။
No comments:
Post a Comment