Wednesday, May 12, 2010

အလင်းစီးမယ့်လူသား


တစစီလွင့်ထွက်သွားတဲ့ အပိုင်းအစတွေထဲက
တခုတည်းသော အပိုင်းအစကိုဖက်တွယ်မိသူရယ်ပါ
ဇာတ်သိမ်းခန်းမှာ တအားလွမ်းတတ်တဲ့
ဗမာဇာတ်ကားတွေကြည့်နေရင်း
မဆုံနိုင်တဲ့ ညီးချင်းတွေနဲ့ မြုတ်ချည်ပေါ်ချည်
ဖောက်ခွဲဖို့အားယူရင်း ကိုယ်တိုင်ပေါက်ကွဲ လိုက်ရတယ်။
နွေပါလို့သိရက်နဲ့ လိုတာထက် ပိုပူပြနေတဲ့ နေ နဲ့
လွမ်းစရာမှန်းသိရက်နဲ့ လိုတာထက် ပိုကြေကွဲပြနေတဲ့ လူသားတို့ကြား
အလင်းနှစ် ဘယ်လောက်များခြားလို့လဲ
အိမ်မရှိပေမယ့် ကမ္ဘာမြေကိုတော့သိပါတယ်
ချစ်သူကို ချစ်ပြခွင့်မရပေမယ့် လောကကို လှပစေချင်သူပါ
နေနဲ့ ကမ္ဘာကို ပေါင်းကူးပေးမယ့်လူသား တိုင်တယ်စရာတွေ
သိပ်ရှားနေသလားကွယ်....။  ။

No comments:

Post a Comment