Monday, February 1, 2010

ပထမသင်္ခန်းစာ





photo by shamelazmeh.files.wordpress.com

ပထမသင်္ခန်းစာ


ကျနော့်မှ အချစ်ဆုံးသူငယ်ချင်း တွေရှိတယ်။ နာမည်ပြောင်တွေကတော့ ဂျက်၊ ကွင်း၊ ကင်း၊ ဖဲထုတ်ထဲက နာ မည်တွေဆိုပြီး ဖဲသမားတွေလို့တော့ မထင်လိုက်ပါနဲ့။ တယောက်မှ လောင်းကစားဝါသနာမပါကြဘူး။ အဲ ကျနော်တို့အုပ်စု ၀ါသနာပါတာကတော့ ကောင်းရမယ်ဆိုတဲ့ဟာတွေပေါ့။ 

မာရှီ၊ ဒိုင်၊ ငါး၊ ရှော၊ အကုန်လာ ထား။ မ နဲ့ လောင်းကစားတော့ တယောက်မှဝါသနာမရှိကြဘူး။
တယောက်ကိုတယောက်တော့ ရေလည်ချစ်ကြတာ။ ဘယ်သူ့ကိုမှလာထိလို့မရဘူး ထိတာနဲ့မီးပွင့်ပြီသာ မှတ်။ ဂျက်က ဂစ်တာတီးတာ ၀ါသနာကြီးတယ်။ ကွင်းကတော့ အသံကောင်းတယ်။ ကင်းကတော့ ရန်ဖြစ်ရ တာဝါသနာကြီးသလောက် သူများတွေကိုကူညီရာမှာ လည်း အစွမ်းကုန်ကူညီလေ့ရှိတယ်။ 

ကျနော်တို့ အဖွဲ့ကိုကျန်တဲ့သူတွေက ချစ်ကြတာများတယ်ဆိုတာ ကင်းရဲ့ အခြားသူတွေကို ကူညီပေးမှု ကြောင့်လည်းပါတယ်ဗျ။ တရက်တော့ ဂျက်တယောက် မျက်လုံးကိုက်တယ်တော်တော်လေးကို ကိုက်ပုံရ တယ်မျက်လုံးတွေကိုအစ်ပြီး နီရဲနေတာပဲ။ ဒါနဲ့ကျနော်တို့လည်း ဂျက်ကိုဆေးရုံပို့ဖို့ လုပ်ကြရတယ်။ 

ပြဿနာက လက်ထဲမှာပိုက်ဆံမရှိတာပဲ။ ဒါနဲ့ပိုက်ပိုက် လိုက်ချေးငှားရတော့တာပေါ့။ ပတ်ဝန်းကျင်ကလည်း ကောင်းရှာကြပါတယ်။ ကျနော်တို့အုပ်စုကို လုံးဝအယုံအကြည်မရှိဘူးတဲ့။ တယောက်မှ ပိုက်ဆံမချေးကြဘူး။ အဲတာနဲ့ မထူးတော့ဘူးဆိုပြီး တခန်းတည်းနေတဲ့ ဖြူဖြူဆိုတဲ့ကောင်မလေးကို တောင်းတောင်းပန်ပန်နဲ့ ပိုက်ပိုက် 500 ခဏလှည့်လိုက်ရတယ်။


ဒီလိုနဲ့ ဂျက်ကိုဆေးရုံပို့ခြင်းအလုပ် အောင်မြင်သွားတယ်။ ဂျက်တယောက်လည်း ဆေးရုံကဆင်းပြီး မျက်လုံး ဝေဒနာသက်သာလို့ ရှောတွေဘာတွေတောင် ချနေပြီ။ ကျနော်တို့မေ့နေတာ ဖြူဖြူ့ ဆီမှာပိုက်ပိုက်ချေးထား တာကိုမေ့နေကြတယ်။ 
ဒီလိုနဲ့ ကျနော်တို့သူငယ်ချင်းတွေ တယောက်တနေရာဆီ ခွဲထွက်ရင်း အလုပ်တွေဆက်လုပ်နေကြတယ်။ ကျနော်ကတော့ ကျန်ခဲ့တယ်ပေါ့။ တရက်လကုန်လို့ လခတွေထုတ်တော့ ကျနော်လည်း ပိုက်ဆံသွားယူပြီး အပြန်။ ကောင်းလေးတယောက်ကို လမ်းမှာတွေ့တယ် ရေသန့်ဘူးတို့ ဖိနပ်စုတ်တို့ ရရာလိုက်ကောက်နေတဲ့ ကောင်လေးပါ။ သူထ္မင်းစားနေတာကို ကျနော်စိတ်ဝင်စားသွားတယ်။ ကောင်လေးက ရှိမှ အလွန်ဆုံး ၆ နှစ်လောက်ပဲရှိဦးမယ်။ ရုပ်ရည်ကလည်း ခပ်သန့်သန့်လေး။
 
သူစားနေတာကြည့်ဦး ကော်ဘူးထဲမှာ ထ္မင်းနဲ့ ငပိရည်ကို ဖြစ်သလိုစမ်းထားပြီး အရွက်စိမ်းတချို့ နဲ့အားရပါးရ စားနေလိုက်တာ။ ဒါနဲ့ကျနော်လည်း သူဘေးနားဝင် ထိုင်ပြီး သူ့ကိုမသိမသာ အကဲခတ်နေလိုက်တယ်။ 


ကောင်လေးက ကျနော့်ကို အကဲခတ်သလိုကြည့်ရင်း "စားပါဦးလား အကို" လို့ပြောလိုက်တော့ ကျနော် တချက်လန့်သွားတယ်။ ဘာရယ်တော့မဟုတ်ဘူး ကြည်သီးထသလိုဖြစ်သွားတယ်။ "စားပါညီရာမင်းဝ အောင်စား" လို့ပြောတော့ ကောင်လေးကခေါင်းကို တချက်ဆတ်ပြီး ဆက်စားနေတယ်။ 
သူထမင်းစားလို့ပြီးတော့ သူ့ထမင်းဘူးလေးကို သေသေချာချာ လွယ်အိပ်ထဲကိုထည့်သိမ်း လိုက်တယ်။ ပြီးတော့ကျနော့်ဘက်လှည့်ပြီး "အကိုက ဘယ်မှာအလုပ်လုပ်တာလဲ" လို့မေးတော့ ကျနော်က "အေးကွအကို က ဒီနားက စက်ရုံမှာအလုပ်လုပ်တယ် " 


"ဟုတ်လား ကျနော့်အမလည် အဲစက်ရုံမှာပဲ နာမည်က ဖြူဖြူတဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ အမပေါ့ သူရသမျှလ ခတွေကိုတပြားမှမသုံးပဲ အမေ့ကိုအကုန်ပြန်အပ်တယ်လေ အမေကသူသုံးဖို့ ပြန်ပေးရင်တောင် ကျနော်ကို မုန့်ဖိုးပြန်ပေးသွားတာ" 


"ဟုတ်လား ဖြူဖြူကငါတို့နဲ့ တခန်းတည်းနေတာကွ မင်းတို့မိသားစုဘယ်နှယောက် ရှိလဲကွ" လို့ စပ်စုလိုက်မိပါတယ်။

"ကျနော်တို့မှာ မောင်နှမနှစ်ယောက်တည်းဗျ ခုဒီမှာ အမေနဲ့လာနေတာ။ အဖေကတော့ မြန်မာပြည်မှာ ထောင်ကျနေတယ်။ ဆေးအတုရောင်းဝယ်မှုနဲ့ပေါ ၂ လ တခါလောက် ကျနော်တို့မိသားစု အဖေ့ကိုထောင် ၀င်စာသွားတွေ့ကြတယ်"

သည်ကောင်လေးရဲ့ စာကားအဆုံးကျနော့် ရင်ထဲမှာ နင့်ကနဲခံစားလိုက်ရပါတယ်။ နောက်တခုက ကျနော်တို့ သူငယ်ချင်းသုံးယောက် ဖြူဖြူ့ဆီမှာ ချေးထားတဲ့ ပိုက်ဆံကိုလည်း သတိရမိပါတယ်။ အော်...ငါသူတို့ လောက် တောင်မိသားစု အပေါ်တာဝန်မကျေခဲမိ ပါလားပေါ့။

ကျနော်လည်း ကောင်လေးကိုနှုတ်ဆက်ပြီး စက်ရုံကိုပြန်ခဲ့ပါတယ်။ စိတ်ထဲမှာတော့.......။ ။


ကြခတ် (ရင်း-၈)

1 comment:

  1. ဆက်ရေးပါဦး ကျနော်ကတော့အားပေးတယ်။ တခုခုရလိုက်တယ်လို့တော့ခံစား မိတယ်။

    ReplyDelete