ကြခတ် (ရင်း-၈)
ငြိမ်းအေးခြင်း အလင်းနဲ့အတူ
အမှောင်တွေထဲက သူမ
ကြယ်စုံတဲ့ည ရှိပါ့မလား။
အများအတွက် ဘာမှမလုပ်ရသေးခင်
မသေဆုံးချင်တဲ့ လမင်းရေ
ရှင်သန်ခြင်းရဲ့ပုံရိပ်တွေထဲ
အချို့အလဲအကွဲ
အချို့စွဲစွဲမြဲမြဲ။
ဘယ်သူမှန်တယ်၊ ဘယ်သူတရားတယ်
ပြောစရာတွေက ပွက်ပွက်ထလို့။
တနေ့ထက်တနေ့ ရင့်မှည့်လာတဲ့
ကောက်နှံတွေအတွက်
(မစိုက်ပဲနှင့်)
ရိတ်သိမ်းချင်သူ၊ မျက်စပစ်သူ
ချောင်းဟန့်သူ
ဒီလိုလူတွေအတွက်
တံစဉ် ထက်ထက်နဲ့
(၆) ပေါင်တူတလက် လိုတယ်။
သူမနှလုံးသား
ထွန်သွားတွေပေါ် ရှင်သန်တယ်
သူမရဲ့အလင်း
ကသင်းတွေပေါ် ဖြန့်ခင်းတယ် ။ ။
အချို့အလဲအကွဲ
အချို့စွဲစွဲမြဲမြဲ။
ဘယ်သူမှန်တယ်၊ ဘယ်သူတရားတယ်
ပြောစရာတွေက ပွက်ပွက်ထလို့။
တနေ့ထက်တနေ့ ရင့်မှည့်လာတဲ့
ကောက်နှံတွေအတွက်
(မစိုက်ပဲနှင့်)
ရိတ်သိမ်းချင်သူ၊ မျက်စပစ်သူ
ချောင်းဟန့်သူ
ဒီလိုလူတွေအတွက်
တံစဉ် ထက်ထက်နဲ့
(၆) ပေါင်တူတလက် လိုတယ်။
သူမနှလုံးသား
ထွန်သွားတွေပေါ် ရှင်သန်တယ်
သူမရဲ့အလင်း
ကသင်းတွေပေါ် ဖြန့်ခင်းတယ် ။ ။
ကြခတ် (ရင်း-၈)
photo by: http://www.richfrederick.com
photo by: http://www.richfrederick.com
No comments:
Post a Comment