Saturday, August 11, 2012

ခေါ်သံ

<<<>>>

သားမဲ့တယောက်ရဲ့ အမေ
အမေမဲ့တယောက်ရဲ့သ္မီး
ဒီမျက်ရည်တွေဟာ
မြစ်တို့လိုပဲ စီးနေသတဲ့။

စက္ကန့်တိုင်းမှာ မိနစ်တိုင်းမှာ
မွေးဖွားနှုန်းတွေ မြင့်လာတဲ့
လူသားတို့ရေ....
ငါ့ရဲ့ ရင်ခွင်ပေါ်မှာ
မင်းတို့...နေထိုင်ပါ
မင်းတို့...စားသောက်ပါ
မင်းတို့....မွေးဖွားပါ
မင်းတို့....ချစ်ကြပါ။

ကျေးဇူးပြုပြီး
ငိုသံတ၀က်တပျက်နဲ့
အမေ...ရေ..
ခေါ်သံတွေကို ငါ့ရင်ခွင်ပေါ်မှာ
မပေါ်ပါစေနဲ့။

မြေကမ္ဘာရဲ့ နေစရာတွေပေါ်မှာ
မိဘမဲ့ ဆိုတဲ့စကား
နားခါးလွန်းလို့ပါ ကွယ့်။

ကြခတ်
photo by http://fineartamerica.com

No comments:

Post a Comment