Thursday, January 13, 2011

ရိုမေးနီးယားကဝေများရဲ့ ကျိန်စာ


photo from:
လူတိုင်းကတော့ အခွန်အခကောက်တဲ့သူတွေကို အပြစ်တင်ကြတာပါပဲ၊ ဒါပေမဲ့ ရိုမေးနီယားစုန်းကဝေတွေကတော့ အခွန်ထမ်းရမယ့် ရိုမေနီးယားအခွန်ဥပဒေကြောင့် ပထမဆုံးအကြိမ် စတင်ကျိန်ဆဲကြပါပြီ၊ ရိုးမေးနီးယားစုန်းမတွေဟာ ဒေါသခိုးဝေပြီး အဆိပ်ရှိတဲ့ မန်းဒရိတ်ခ်အပင်တစ်မျိုးကို ဒူးနာ့ဘ်မြစ်(Danube)ထဲ ပစ်ထည့်နေကြတယ်၊ သမ္မတနဲ့ အစိုးရအုပ်ချုပ်ရေးအဖွဲ့ကို ပြုစားလိုတဲ့အတွက် ကြောင်ရဲ့ကျင်ငယ်၊ ခွေးသေကောင်တွေအသုံးပြုပြီးစီရင်ဖို့ကြိုးစားနေတယ်လို့ Russia Today သတင်းမှာ ဇန်န၀ါရီ၁၁ ရက်နေ့က ကြေငြာသွားခဲ့ပါတယ်၊ ရိုးမေးနီးယားနိုင်ငံရဲ့ အခွန်ထမ်းပြည်သူအသစ်တွေမှာ အနာဂါတ်ကိုဟောပြောသူတွေပါလာပါတယ်။
အဲဒီဗေဒင်ဆရာမတွေဟာ စုန်းကဝေအတတ်တွေ တတ်ကြတယ်လို့ဆိုတယ်၊ အလယ်ခေတ်ဘုရင်ကြီး ဒရက်ကူလာရဲ့ပုံပြင် စတင်ပေါ်ပေါက်ခဲ့တဲ့ဒေသဖြစ်တဲ့ ရိုးမေနီးယားနိုင်ငံမှာတော့ အယူသည်းမှုတွေဟာ ရယ်မောစရာကိစ္စရပ်မျိုးမဟုတ်ပါဘူး၊ အဲဒီအယူအဆတွေဟာ ရာစုနှစ်များစွာ ရိုးမေနီးယားနိုင်ငံရဲ့ယဉ်ကျေးမှုလို ဖြစ်နေခဲ့ပါပြီ၊ ရိုးမေနီးယားနိုင်ငံရဲ့ သမ္မတ ထရာရန်ဘာဆဲစကူ(Traian Basescu)နဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဝင်တွေဟာလည်း အရေးကြီးတဲ့နေ့တွေမှာ ခရမ်းပြာရောင်ကို ၀တ်ဆင်ကြတယ်ဆိုတာ လူသိများပါတယ်၊ မကောင်းဆိုးဝါး၊ မကောင်းမှုအကုသိုလ်တွေကာကွယ်နိုင်တယ်လို့ သူတို့ယုံကြည်ကြတယ်။

အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဒေသက ရိုမေးနီးယန်းစုန်းမတွေဟာ တောင်ပိုင်းလွင်ပြင်တွေနဲ့ ဒူးနာ့ဘ်မြစ်ထဲ မှာ အစီအရင်တွေပြုလုပ်ပြီး အစိုးရအဖွဲ့ကို တစ္စေ၀ိညာဉ်တွေနဲ့ပြုစားမယ်လို့ ခြိမ်းချောက်နေကြပါတယ်၊ အခွန်ဥပဒေအသစ်ဟာ ဇန်န၀ါရီလ ၁ရက်နေ့ကစတင်ခဲ့တယ်၊ စုန်းမ ၁၂ဦးခန့်ဟာ မန်းဒရိတ်ခ်ပင်တွေကို ဒူးနာ့ဘ်မြစ်ထဲ ပစ်ထည့်ခြင်းဖြင့် အစိုးရအဖွဲ့အစည်းတွေမှာ မကောင်းမှုတွေကျရောက်လာမယ်လို့ အလီဆီးယာလို့ခေါ်တဲ့ စုန်းမတစ်ဦးကဆိုတယ်၊ ရိုးမေးနီးယားစုန်းမတွေထဲက လူသိများတဲ့စုန်းမတစ်ဦးလို့ သူမကိုယ်တိုင် နာမည်တစ်မျိုးနဲ့ သတ်မှတ်ဖော်ပြပါတယ်.....

photo from:
“ဒီဥပဒေကြီးက ရူးကြောင်ကြောင်ဥပဒေပါ၊ ကျွန်မတို့တစ်ခုခုကို ခက်ခက်ခဲခဲရှာဖွေနေကြရတဲ့အခါ၊ ဘာကိုအခွန်အခပေးရမှာတဲ့လည်း၊ ဥပဒေပြုလုပ်သူတွေဟာ သူတို့ကိုယ်တိုင်တော့ပြန်ပြီး မကြည့်ကြဘူး၊ သူတို့ရဲ့လှည့်ကွက်တွေနဲ့ 
သူတို့ငွေကြေးဘယ်လောက်ရှာဖွေနိုင်လဲ၊ သူတို့ ခိုးဝှက်ကြတယ်၊ ပြီးတော့ ကျွန်မတို့ကိုပြုစားချင်လာအောင်လာပြီးဆွကြတာပဲ” လို့ ဖုန်းနဲ့ပြောကြားခဲ့ပါတယ်။

ဥပဒေသစ်ဟာ စီးပွားရေးလျှောကျလာတဲ့တိုင်းပြည်တစ်ခုရဲ့ အခွန်တိမ်းရှောင်မှုတွေကိုတိုက်ဖျက်ဖို့နဲ့ ဘဏ္ဍာငွေပိုမိုစုဆောင်းဖို့ အစိုးရက တွန်းအားပေးခဲ့တဲ့အစီအစဉ်ပါ၊ ပြီးခဲ့တဲ့ကာလတွေတုန်းက စုန်းမတွေရယ်၊ နက္ခတ်ဗေဒပညာရှင်နဲ့ အနာဂါတ်ဟောပြောသူတွေအားလုံးဟာ ရိုမေးနီးယန်းလုပ်သား စာရင်းထဲမှာ ရှိမနေခဲ့ပါဘူး၊ ရုပ်အလောင်းအလှဆင်သူ၊ အစေခံတွေနဲ့ ယဉ်မောင်းသင်ကြားပေးသူတွေဟာလည်း အခွန်ထမ်းပြည်သူစာရင်းထဲရှိမနေတော့ အဲဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းသူတွေဟာ အခွန်ကင်းလွတ်ကြတယ်။

ဥပဒေသစ်မှာ ကိုယ်ပိုင်အလုပ်လုပ်သူတိုင်းဟာ ၀င်ငွေရဲ့ ၁၆ရာခိုင်နှုန်းပေးဆောင်ရမှာဖြစ်ပြီး ကျန်းမာရေးနဲ့ ပင်စင်အစီအစဉ်အတွက်လည်းလှူဒါန်းရမယ်လို့ဆိုပါတယ်၊ တစ်ချို့ကတော့ဒီဥပဒေသစ်ဟာ တွန်းအားပေးဖို့ ခက်ခဲလိမ့်မယ်လို့ ထင်မြင်ကြတယ်၊ စုန်းမတွေနဲ့ နက္ခတ်ဗေဒပညာရှင်တွေဟာ သူတို့အတွက် အခကြေးငွေကို ငွေသားနဲ့ပဲရှင်းကြတာဖြစ်ပြီး တစ်ဦးလျှင် အကြံပြုခ ၁၀၊ ၂၀လေး(၇ဒေါ်လာ - ၁၀ ဒေါ်လာ) ၀န်းကျင်လောက်သာပျှမ်းမျှရကြပါတယ်။

၂၀၀၉ခုနှစ်သမ္မတရွေးပွဲမှာ ဘာဆဲစကူကို ရှုံးနိမ့်ခဲ့တဲ့ မီးရ်ချာဂီအာနား(Mircea Geoana)ဟာ အဆုံးအဖြတ်စကားစစ်ထိုးပွဲမှာ တန်ပြန်ပြောဆိုနိုင်မှုအားနည်းသွားခဲ့ပြီး သူ့စခန်းမှာ အတိုက်အခံတွေက အစီအရင်နဲ့ တိုက်ခိုက်ခဲ့တာတွေရှိတယ်လို့ ပြစ်တင် ပြောဆိုခဲ့ဖူးပါတယ်၊ ဂီအာနားရဲ့အဖွဲ့သား ဗီအိုရဲလ်ဟရဲဘန်းချူးက သူတို့ရဲ့ သမ္မတရာထူးလုတိုက်ပွဲအတွင်းမှာ “ခရမ်းပြာရောင်မီးတောက်” မကောင်းကြံမှုရှိတယ်၊ ဘာဆဲစကူဟာ မဟာအောင်ပွဲအခွင့်အရေးတိုးမြင့်လာစေဖို့ သူနဲ့ အဖွဲ့သားတွေအားလုံး ခရမ်းရောင်တွေဝတ်ဆင်ခဲ့ကြပါတယ် လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်၊ အဲဒီနေ့ကတည်းက အရေးကြီးတဲ့နေ့တိုင်း ဂုဏ်သိက္ခာပိုမိုကြီးမြတ်မှုနဲ့ မကောင်းမှုတွေကာကွယ်ဖို့ ၀တ်ဆင်ခဲ့ကြတယ်လို့ ဆိုတယ်။

နာမ်ဝါဒ၊ မှော်ဝိဇ္ဖာအတတ်တွေကို ရိုးမေနီးယားရှိ အော်သိုဒေါစ့်ဘုရားကျောင်းတွေမှာ ရှေးယခင်တည်းက ယုံကြည်လက်ခံထားကြပါတယ်၊ ကွန်မြူနစ်အာဏာရှင်ဟောင်း နီကိုလဲဆဲယူစက်စကူ (Nicolae Ceausescu)နဲ့ ဇနီးအဲလီနာမှာလည်း သူတို့ရဲ့ကိုယ်ပိုင်စုန်းမတစ်ဦးရှိကြတယ်။
photo from:

အသက် ၆၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘုရင်မ ဘရာတာရာဘူဇဲရာ(Bratara Buzea) ဟာ ၁၉၇၇ ခုနှစ်မှာ ဆဲယူစက်စကူရဲ့ ဖိနှိပ်ချုပ်ခြယ်တဲ့ခေတ်မှာ သူမရဲ့မှော်အတတ်ကြောင့်အကျဉ်းချထားခံခဲ့ရဖူးပါတယ်၊ ဘရာတာရာက ဒီဥပဒေသစ်ကို အင်မတန်စိတ်ဆိုးဒေါသထွက်ခဲ့တယ်၊ ရိုးမေးနီးယားနိုင်ငံမြို့တော် ဘူခရက်စ်မြောက်ပိုင်း မော်ဂိုဆိုအေးအပန်းဖြေကန်ရှိ သူမရဲ့ နေအိမ်ကြီးမှာ ခြေထောက်တွေကို ကြက်ခြေခတ်လျှက်သား ချိတ်ထိုင်နေရင်း “ကျွန်မလည်း ကဝေတွေရဲ့ကျိန်စာအစီအစဉ်မှာ ထိရောက်လှတဲ့ ကြောင်ကျင်ငယ်ရေနဲ့ခွေးသေအစီအမံနဲ့ ပါဝင်အားဖြည့်ပြီး ပြုစားဦးမယ်” လို့ ပြောခဲ့တယ်။

“ကျွန်မတို့ကို ထိခိုက်နစ်နာအောင်လုပ်လာတဲ့သူတွေကို ကျွန်မတို့ကလည်းပြန်ပြီး နစ်နာအောင် လုပ်မှာပဲလေ၊ ကျွန်မတို့ကို အသုံးပြု့ပီး အကျပ်အတည်းထဲက ဒီတိုင်းပြည်ကို ဆွဲထုတ်ချင်နေကြတာလား၊ သူတို့ ... ကျွန်မတို့ကို ဒီအကျပ်အတည်းထဲက ပြန်ပြီးထုတ်ပေးရမယ်၊ ဘာကြောင့်လဲဆိုတော့ ဒီအကျပ်အတည်းထဲ ဆွဲခေါ်လာတာလည်းသူတို့ပဲ” လို့ ဘုရင်မကြီးကဆိုတယ်။
ဘုရင်မ ဒါမှမဟုတ် စုန်းကဝေမ ဘရာတာရာ photo from:

“ကျွန်မရဲ့ ကျိန်စာတွေက အမြဲအလုပ်လုပ်တယ်နော်” လို့ မီးခိုးငွေ့တွေေ၀၀ဲ့သွားအောင် မှုတ်ထုတ်ကာ သူမကခပ်စာစာပြောခဲ့တယ်၊ သစ်သားတုံးတွေမီးလောင်ကျွမ်းနေတဲ့မီးလင်းဖိုဘေးမှာ ဘရာတာရာထိုင်နေပါတယ်၊ ဘေးမှာလည်း ပြုစားနိုင်တဲ့ဆေးရည်တွေနဲ့ ကြွေရည်သုတ်အိုးတွေ ရှိနေပါတယ်၊ စုန်းမတိုင်း မီးရောင်ကိုမကြောက်ကြပါဘူး တဲ့၊

“ဒီဥပဒေက သိပ်ကောင်းပါတယ်” လို့ မီဟေးလာမင်းဆာ ကပြောခဲ့တယ်၊ “ဘာအဓိပ္ပါယ်လဲဆိုတော့ ကျွန်မတို့ရဲ့ မှော်လက်ဆောင်တွေဟာ အမြဲအမှတ်တရရှိနေရတော့မယ်အရာတွေဖြစ်လာတော့မယ်၊ ကျွန်မရဲ့ ကိုယ်ပိုင်လုပ်ငန်းစနိုင်ပြီပေါ့ရှင်”။

post by Phyo Pyoy http://www.phyophyohlaing.com/

No comments:

Post a Comment