မောင်ရင် လူ့ဘ၀ကြီးကို နှစ်သုံးဆယ်တိတိ ဖြတ်သန်းပြီးပါပြီ။ ဒါပေမယ့် လူ့သဘော လူ့မနောကိုတော့ ခုချိန်ထိမကျက်မိသေးပါဘူး ဒါ့ကြောင့် ခုချိန်ကစပြီး လူတွေအကြောင်းကို စတင်လေ့လာတော့မှာ ဖြစ်ပါ တယ်။ ဘယ်လိုလေ့လာမလဲဆိုတော့ ကိုယ့်နဲ့ နီးစပ်သူတွေကို အရင်စလေ့လာမယ်ပေါ့ သူရဲ့ပုံစံ စရိုက် သဘော မနော အကုန်လုံးကိုပေါ့။ လောလောဆယ် မောင်ရင်တွေ့ထားတဲ့ လူတန်းစားတမျိုးအကြောင်း ကတော့ ကြံရည်ကြိတ်စက် လူတန်းစားပါ
ဟုတ်ပြီ မောင်ရင် မင်းကဘာလို့ ကြံရည်ကြိတ်စက် လူတန်းစားလို့ပြောရတာလဲလို့ မေးလာခဲ့ရင် အဖြေရှိပါတယ် ဒီလိုပါ။
လူတယောက်ကို တွေ့ပြီဆိုပါစို့ တွေ့တာနဲ့သူမှာဘာ အရည်အချင်းတွေရှိလဲ ဒါမှမဟုတ် ဘာတွေကိုခံနိုင်ရည်ရှိလဲ စသဖြင့် လေ့လာမယ် သုံးသပ်မယ် ပြီးရင် စတင်အသုံးချမယ် အိုကေ။ သုံးလာလိုက်တာ အဲ့သည့် ကိစ္စလဲပြီးရော သူ့မှာဆက်သုံးစရာ အရည်အချင်းတွေမရှိတော့ဘူး ဆိုပါတော့ ကြံချောင်းတချောင်းလိုပဲ လွင့်ပြစ်လိုက်တော့တာပဲ။
အဲ့သည့်လူတန်းစား တကယ်ရှိတယ်။
ဘာလို့ပြောရသလဲဆိုရင် မောင်ရင်ကိုယ်တိုင်း တွေ့ကြုံခံစားလိုက်ရလို့ပါပဲ။
ဆက်လက်တင်ပြပါဦးမယ် ။။။
အင်း... သိသလိုလိုပဲ... ဒီလို လူတန်းစားအကြောင်းကို...
ReplyDelete