Tuesday, November 2, 2010

ရောက်တတ်ရာရာ

ကဲ...ဆိုပြီးတော့စမယ်ဗျာ




 ကျနော်တို့ရဲ့   မဟာနိုင်ငံတော်ကြီးမှာဖြင့်  ကြီးကျယ်ခန်းနားတဲ့ ရွေးကောက်ပွဲကို ကျင်းပတော့မယ် ဒါလူတိုင်း သိပြီးသားပါ မထူးဆန်းတဲ့ကိစ္စပါ ဆိုတော့ကား ကျနော်ကထူးဆန်းတာပြောမလို့လား မဟုတ်ပါဘူး.. သူတို့က လည်းသူတို့ တာဝန်အရ လုပ်ကြမှာပဲ ကဲ ကျနော်တို့ကရော ကျနော်တို့တာဝန် အရဆန့်ကျင်ကြပါ တယ်။  ဒါ ပေမယ့်မအောင်မြင်တာ သေချာပါတယ်။ ကျနော်ဖြစ်စေချင်တာကတော့ ဒီစစ်အုပ်စုရဲ့   အကွက်ကိုကျနော် တို့တွက်မိဖို့လိုပါတယ် သေချာတာကတော့ ရွေးကောက်ပွဲပြီး တာနဲ့ ၇ ရက်အတွင်း သမ္မတ ဆိုတာဖြစ်လာပါ ပြီနောက် တဆင့်အနေနဲ့ ကျနော်တို့ရဲ့ ချစ်လှစွာသော အတိုက် အခံတွေကို သေဒဏ်ဆိုတဲ့ပြစ် ဒဏ်မျိုးတွေနဲ့ အပီအပြင်သမတော့မှာပါ။


ဒီတော့ ကျနော်တို့ကဘာတွေ ပြင် ဆင်ကြမလဲ ပြင် ဆင်စရာတွေအများကြီးပါ။ နယ် စပ်ကိုထွက် မလား မဖြစ်နိုင်ပါဘူး ဘာလို့ဆိုတော့ အုပ်ရောရော ကျောက်ရောရောနဲ့ ပျောက်သွားမှာမို့လို့ပါ ။ ဒါ ဆိုတတိယ နိုင်ငံထွက် မ လားပိုဆိုးပါ တယ်။ ကျနော်တွေ့သလောက် တော်လှန် ရေးနယ်မြေ ကိုပြန် မရောက် တာ များပါ တယ် ကျနော်အ ကြံပြုချင်တာ နေမြဲအတိုင်းဆက် တိုက် ပါ ၊ လုပ် မြဲအ တိုင်းဆက်သွားပါ၊ ကိုယ့်ကိုယ် ကိုအားမွေးပါ။ နီးစပ်ရာကို ကိုယ့် အားအဖြစ်  စုပ် ယူပါ။

ကျနော်အမြင် အရ အခုမှရန်သူကို ပိုတိုက် လို့ကောင်း သွားတာပါ ။ ဟိုမ ရောက် သည် မရောက်  ရန်သူကို တိုက် ရတာထက် စာရင် တိကျတဲ့ (တိုက် ကတ်ရှိတဲ့) ရန်သူကို တိုက် ရတာပိုလွယ်ပါ တယ် အခုဆိုရင် သူ့ကြိုးနဲ့ သူ့လည် ပင်းကို ဂွင်းပြန်စွပ်နေ ပါပြီ ကျ နော် တို့ ဘက် က နေ မြဲအ တိုင်း တောင့်ခံပြီးနေဖို့ပဲ လိုတာပါ ။

ဆက် လက်ဆွေး နွေးပါ ဦးမည်                       ကြခတ်(ရင်း-၈)



No comments:

Post a Comment