Friday, May 14, 2010

ရေအသက် တမနက်





ကျနော့်အိမ်ကို လာရောက်လည်ပတ်ကြသော သူငယ်ချင်းများခင်ဗျာ.... ယခုလောလောဆယ်မှာ ဗမာပြည် တွင်း ရေရှားပါးမှုပြဿနာနဲ့ အကြီးအကြယ်နပန်းလုံးနေရပါတယ်။ မသမာတဲ့ဝိသမာလောဘ သမားများဟာ သစ်ပင်တွေကို မဆင်မခြင်ခုတ်ကြပါတယ်။ တကယ်တမ်း အယ်လ်နီညို ဆိုတဲ့ အပူလှိုင်းကြီးလဲဖြတ်ရော ကျနော်တို့ပြည်သူတွေဟာ ကျောကော့အောင်ခံကြရပါတယ်။




ကမ္ဘာလှည့်ခရီးသည်များ မျက်စိကျပြီး ရေပေါ်မှာအိမ်ဆောက်၊ စိုက်ပျိုးသီနှံတွေကိုရေပေါ်က ကျွန်းမြောတွေ ပေါ်မှာ စိုက်ပါတယ်လို့ထင်ရှားတဲ့ အင်းလေးကန်ကြီးဟာ လုံးဝနီးပါရေတွေခန်းခြောက်ကုန်ပါတယ်။ အင်မ တန်မှကြောက်စရာကောင်းလှတဲ့ ဒုဗ္ဒိကန္တရကပ် ဘေးကြီးပမာ ကျနော်တို့ဗမာပြည်က ပြည်သူတွေခံစားနေ ကြရပါတယ်။





ထ္မင်းအသက် ၇ ရက် ရေအသက် ၁ မနက်လို့ ရှေးလူကြီးများက စကားပုံထားခဲ့ကြပါတယ်။ အခုရေကိုငတ် နေကြရပါပြီး။ သူငယ်ချင်းတို့အနေနဲ့ တတ်နိုင်သလောက် တတ်နိုင်တဲ့အထဲကနေပြီး လှူးဒါန်းစေလိုပါတယ်။ လှူဒါန်းကြပါလို့လည်း တိုက်တွန်းပါတယ်။ တော်တော့ကို အခြေအနေဆိုးနေလို့ပါ။



အလွန်ပူပြင်းလှတဲ့ ရာသီဥတုကြောင့် မြေအောက်ရေများခန်း ခြောက်ကုန်နေပါတယ်။ သောက်သုံးရေပြတ် တောက်မှုဒဏ်ကို ပဲခူး၊ သာယာဝတီ၊ ဝေါ၊ ပြည်၊ စစ်တောင်း၊ ရန်ကုန်မြို့သစ်များနှင့် မွန်ပြည်နယ်မုဒုံတို့ရှိ ပြည်သူများခံစားနေကြရပါတယ်။ ရေဝေတဲ့လုပ်ငန်းများကို ကျောင်းသားလူငယ်များက တက်ကြွစွာဆောင် ရွက်လျက်ရှိကြပါတယ်။ ရေရရှိရေးအတွက် ၀ိုင်းဝန်းကူညီပံပိုးကြပါရန် မေတ္တာရပ်ခံပါတယ်။ ရေအကျိုး ဆယ်ပါး - မတောင်းပဲပြည့်တယ်လို့  ဆိုပါတယ်။


ရေဂါလံ ၁၅၀၀ ပါတဲ့ကားတစီးကို ကျပ်ငွေ ၆ သောင်း ကျပါတယ်။ ရေလျူဒါန်းလိုသူများ ကျနော်တို့ကို ဆက်သွယ်ပါ။

ဒေါ်သန်းသန်းအေး (NLD- LA- ဂျပန် ) - ဖုံး - 080-5373-2524
ကိုယဉ်ထွေး (FBF- ထိုင်း) -
ကိုမိုးသီး- +66- 084-459-1186
ကိုမင်းဇော်( ထိုင်း)
ကိုထွန်းအောင်ကျော်- ( 88 GSE- အမေရိကန်) -
ကိုဝင်းထွန်းညွန့်  (ခ) ကိုဖက်တီး ( BCM- မလေးရှား) - ဖုံး
ကိုစိန်ဟန် ( ထိုင်း) - 081- 973-1982



No comments:

Post a Comment