Wednesday, May 12, 2010

2012 အကြိုကဗျာ




မြစ်ဝကျွန်းပေါ်မှာ နာဂစ် ၀င်တော့
အိမ်တွေရေမြော လူတွေ တရိစ္ဆာန်တွေ
ရေနစ်သေကြသတဲ့။

ခု...ကိုရွှေနေက
သူ့ယောက္ဖ အယ်နီညိုကိုအပါခေါ်လို့
(ရက်စက်ပုံများ ပြောပါတယ်)
ရေပေါ်မှာ ဆောက်တဲ့အိမ်
ပက်ကြားအက်တွေနဲ့
ပိန်လိမ် ကုန်ရောဗျာ။


ရေတွေငတ်လို့ အပူချိန်တိုး
ဟို ကိုရွှေကိုမျိုးတွေကတော့
အဲယားကွန်းခန်းထဲမှာပျော်
တိုင်းပြည်ကြီးကို လျှော်ချင်တိုင်းလျှော်
လှော်ချင်တိုင်းလှော်
(ပျော်နေကြပုံများ ပြောပါတယ်)
ကော်သာ ဆဲချင်တော့တယ်။

တနေ့လုပ်မှ တနေ့စား
ဒီအလုပ်သ္မား ဘယ်လိုများလုပ်ရပါ့
လက်လှုပ်မှ ပါးစပ်လှုပ်
ဝမ်းထဲက တကြုတ်ကြုတ်နဲ့
အယ်နီညိုလည်း မမှုအား
နာဂစ်ကို လည်းဘေးချိတ်ထား
(ကံဆိုးပုံများ ပြောပါတယ်)
နေ့တွက်ရမှ အိမ်ပြန်လှမယ့်ဘဝ
ဖြစ်နိုင်မယ်ဆို 2012 ရယ်
အခုသာဖြစ်လိုက်ပါတော့။ ။


(ကြခတ်)

No comments:

Post a Comment