မနက်ဖြန်တွေထဲက
ကောင်မလေး
လူတချို့က ပြောတယ်
ငွေဟာ ဒုတိယ ဘုရားသ္ခင်တဲ့...
အဲသည့်ထဲမှာ နင်မပါပါစေနဲ့ ။
ကောင်မလေး
လူတချို့က အပေါ်ယံတွေကို
ကိုးကွယ်တတ်ကြတယ်...
အဲသည့်ထဲမှာ နင်မပါပါစေနဲ့။
ကောင်မလေး
လူတချို့က တို့ရဲ့စိတ်ကို
နားမလည်ကြဘူး...
အဲသည့်ထဲမှာ နင်မပါပါစေနဲ့။
ကောင်မလေး
ရာထူး၊ အာဏာ၊ ဥစ္စာ
လူတချို့ကိုးကွယ်ကြတယ်...
အဲသည့်ထဲမှာ ငါတို့မပါဘူး ။
ကောင်မလေး
...............
...............
နောက်...ပြီးတော့။
ကောင်မလေး
နင့် မျက်လုံးတွေကို
ဖွင့်လိုက်ပါ
ငါမြင်နေရတဲ့ ကမ္ဘာ နင်မြင်နေရတဲ့ ကမ္ဘာ
လှပနေပါတယ်။
ကောင်မလေး
နင့် နားတွေစွင့်လိုက်ပါ
ငါကြားနေရတဲ့ စကား နင်ကြားနေရတဲ့စကား
ပျားရည်ထက်ချိုပါတယ်။
ကောင်မလေး
လှပတဲ့ နင့်နှလုံးသားကို
ချိုမြတဲ့ နင့်စကားနဲ့ လောင်းပါ
အချို့ တွေကတော့ ခါးချင်ခါးမှာပေါ့....။
ကြခတ် (ရင်း-၈)
Photo by 2.bp.blogspot.com
No comments:
Post a Comment