ယယ(၂)
ယယ...မင်းကိုတွေ့လိုက်တယ်
နှင်းဆီပန်းတွေ...တပွေ့ကြီးနဲ့ပေါ့၊
ဟိုး....အရင်
သင်္ကြန်အကြိုမြူခိုးဝေတဲ့..
နံနက်မှာ
ပိတောက်တွေလေ...ပိတောက်တွေပေါ့
တပွေ့တပိုက်နဲ့ အပျော်မနက်တွေ
ငါ ပေးခဲ့တုန်းက
`သစ္စာမရှိတဲ့ ပိတောက်..
ကြည့်တောင်မကြည့်ချင်ဘူး´ ဆိုကွဲ့ ။
ခု...ခု...ခုတော့... ယယရယ်
ဖြစ်ချင်တိုင်းဖြစ် ၁၂ ရာသီပွင့်နေတဲ့
နှင်းဆီတွေနဲ့မှ မင်းပျော်ပိုက်နေလိုက်တာ...။
သြော်....ငါဟာမင်းအတွက်
ပိတောက်တခက်လိုပဲ ဝေခဲ့ ကြွေခဲ့
ရနံသင်းထုံစေခဲ့ သတဲ့လား ။
တကယ်တမ်း ငါပွင့်ဝေခဲ့တာ
တသက်မှာ တခါသာပွင့်တဲ့
ဝါးပန်း စစ်စစ်ပါကွယ် ။ ။
နှင်းဆီပန်းတွေ...တပွေ့ကြီးနဲ့ပေါ့၊
ဟိုး....အရင်
သင်္ကြန်အကြိုမြူခိုးဝေတဲ့..
နံနက်မှာ
ပိတောက်တွေလေ...ပိတောက်တွေပေါ့
တပွေ့တပိုက်နဲ့ အပျော်မနက်တွေ
ငါ ပေးခဲ့တုန်းက
`သစ္စာမရှိတဲ့ ပိတောက်..
ကြည့်တောင်မကြည့်ချင်ဘူး´ ဆိုကွဲ့ ။
ခု...ခု...ခုတော့... ယယရယ်
ဖြစ်ချင်တိုင်းဖြစ် ၁၂ ရာသီပွင့်နေတဲ့
နှင်းဆီတွေနဲ့မှ မင်းပျော်ပိုက်နေလိုက်တာ...။
သြော်....ငါဟာမင်းအတွက်
ပိတောက်တခက်လိုပဲ ဝေခဲ့ ကြွေခဲ့
ရနံသင်းထုံစေခဲ့ သတဲ့လား ။
တကယ်တမ်း ငါပွင့်ဝေခဲ့တာ
တသက်မှာ တခါသာပွင့်တဲ့
ဝါးပန်း စစ်စစ်ပါကွယ် ။ ။
ကြခတ် ရင်း(၈)
No comments:
Post a Comment