ဘားမားဗီဂျေရုပ်ရှင်ကို ဘောလီးဝုဒ် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်
photo by www.drexel.edu
၁ဝ ဖေဖော်ဝါရီ ၂ဝ၁ဝ - ရွှေဝါရောင်တော်လှန်ရေးမှတ်တမ်းရုပ်ရှင် ဘားမားဗီဂျေကို အိန္ဒိယနိုင်ငံ ဘောလီးဝုဒ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင် ဆု ချီးမြှင့်လိုက်ပါတယ်။၁၁ ကြိမ်မြောက် မွန်ဘိုင်း နိုင်ငံတကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်း ဆုံး မှတ်တမ်းရုပ်ရှင်ဆု ချီးမြှင့်တဲ့ ဒီရုပ်ရှင်မှာ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး ကာ လတုန်းက ဒီမိုကရက်တစ်မြန်မာ့အသံ ဗီဒီယိုသတင်းထောက်တွေရဲ့ ကြိုးပမ်းအား ထုတ်မှုတွေကို မှတ်တမ်းတင်ထားတာပါ။
ဘားမားဗွီဂျေရုပ်ရှင်ဟာ အခုဆု အပါအဝင် နိုင်ငံတကာ ဆုပေါင်း ၄၁ ဆု ဆွတ်ခူးထားပြီး အမေရိကန် အော်စကာဆု ဆန်ကာတင်စာရင်းလည်း ဝင်ထားပါ တယ်။
ဒီဗွီဘီ ပြည်တွင်း၊ ပြည်တွင်း ဗွီဒီယိုသတင်းထောက်တွေဖြစ်တဲ့ ကိုဝင်းမော်နဲ့ မလှလှဝင်း တို့ကို ဂျပန်နိုင်ငံက ကင်ဂျီနာဂါ့အိဆု ချီးမြှင့်ထားပါတယ်။ ဒီသတင်း ထောက် နှစ်ဦးကို မြန်မာစစ်အစိုးရက ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။ ကိုဝင်း မော်ကို ထောင်ဒဏ် ၁၇ နှစ်၊ မလှလှဝင်းကို ၂၇ နှစ် အသီးသီး ချမှတ်ထားတာပါ။
မွန်ဘိုင်း နိုင်ငံတကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရုရှားရုပ်ရှင် August 17 (သြဂုတ် ၁၇ ရက်)က ရွှေတံဆိပ်ဆု ဆွတ်ခူးပါတယ်။ ဒီကားမှာ ထောင်ဒဏ် တ သက်တကျွန်း ချမှတ်ခံရသူ တဦး အကြောင်းကို မှတ်တမ်းတင်ထားတာပါ။
တိဘက်လှုပ်ရှားမှုအကြောင်း ရိုက်ကူးထားတဲ့ The Sun behind Clouds (တိမ်တွေနောက်က နေမင်း) မှတ်တမ်းရုပ်ရှင်က ငွေတံဆိပ်ဆု ဆွတ်ခူးပါ တယ်။
သတင်းရင်းမြစ် http://burmese.dvb.no/news.
No comments:
Post a Comment