Thursday, February 11, 2010

ဒဏ္ဍာရီ တေးစီးရီးမိတ်ဆက်ပွဲ


photp by api.ning.com


ဒဏ္ဍာရီ တေးစီးရီးမိတ်ဆက်ပွဲ မဲဆောက်တွင် ကျင်းပ

ခင်မင်းဇော် ၁ဝ ဖေဖော်ဝါရီ ၂ဝ၁ဝ - စောထဖောင်ဒေးရှင်းကထုတ်ဝေ ဖြန့်ချီတဲ့ ဒဏ္ဍာရီ အမည်ရ တေးစီးရီး မိတ်ဆက်ပွဲကို မဲဆောက်òမိ့မှာ ကျင်းပ ပြုလုပ်ပါတယ်၊၊

၈၈၈၈ လူထု လှုပ်ရှားမှုနောက်ပိုင်း တော်လှန်ရေးနယ်မြေတွေကို ရောက်ရှိလာပြီး အခုအခါမှာတော့ နိုင်ငံတကာမှာ ပျံ့နှံ့နေကြတဲ့ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတွေဟာ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလမှာ ဖွဲ့စည်းခဲ့တဲ့ စောထဖောင်ဒေးရှင်း ကနေ ဒီ စောထဒဏ္ဍာရီ စီးရီးကို ထုတ်ဝေ ဖြန့်ချီတာ ဖြစ်ပါတယ်။


ဒီသီချင်းခွေ ထုတ်ဝေရတဲ့ ရည်ရွယ်ချက်ကို သီဆိုသူ ငြိမ်းစေက ခုလို ပြောပါတယ်။
“မထင်မရှားနဲ့ တိုင်းပြည်အတွက် အသက်ပေးသွားတဲ့၊ တော်လှန်ရေးမှာ တိုက်ပွဲဝင် အသက် ပေးသွားတဲ့ ရဲဘော်တွေကိုလည်း ဂုဏ်ပြုဖော်ထုတ်ချင်တဲ့ အနေနဲ့ ကျနော်တို့ ဒီသီချင်းကို ရေးပါတယ်။

ဒီနေ့ လက်ရှိ ပြည်သူလူထု ခါးစည်းပြီးတော့ ခံစားနေရတဲ့ ဒုက္ခ အဝဝရဲ့ ပြဿနာရဲ့ အဖြေဟာ ကျနော်တို့ အားလုံးရဲ့ ညီညွတ်ရေးနဲ့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးသာ ဖြစ်တယ်။ ဒီအတွက်ကြောင့် ကျနော်တို့က ဒီငြိမ်းချမ်းရေးကို ဖော်ကျူးတဲ့ မေတ္တာတရားနဲ့ ညီညွတ်ရေးကို ဖော်ကျူးတဲ့ သီချင်းတွေကို ဖွဲ့ဆိုပြီးတော့ ရည်ရွယ်ချက်အနေနဲ့ ထုတ်ဝေခြင်း ဖြစ်ပါတယ်။”

ဒီသီချင်းခွေမှာ ငြိမ်းစေ တကိုယ်တော် သီဆိုထားပြီး တေးရေးအဖြစ် ငြိမ်းစေ၊ အေကေနဲ့ ပြည်တွင်းက တေးရေးဆရာ ၃ ဦး က ရေးသားထားတာပါ၊ တေးဂီတကတော့ နယ်စပ် အခြေစိုက် တော်လှန်သူများ တီးဝိုင်းဖြစ်ပြီး ပြည်တွင်း ဆင်ဆာအဖွဲ့ကြောင့် ထုတ်ဝေခွင့်မရခဲ့တဲ့ သီချင်းတပုဒ် ကိုလည်း ထည့်သွင်း သီဆိုထားကြောင်း အဆိုတော် ငြိမ်းစေက ဆက်လက်ပြောပြပါတယ်။

“စစ်မဲ့ငြိမ်းချမ်းရေးဆိုတဲ့ သီချင်းကို ကိုဒေဗီက ရေးသားပြီးတော့ ကိုခိုင်ထူးက သီဆိုဖို့အတွက် ၁၉၈၆ ခုနှစ် ဝန်းကျင်လောက်ကတည်းက ကြိုးစားခဲ့ပါတယ်၊ သို့သော်လည်းပဲ ဒီသီချင်းကို ဆင်ဆာက ခွင့်မပြုတဲ့ အတွက်ကြောင့် တရားဝင် ထုတ်ဝေခွင့် မရပါဘူး။ အဲဒီသီချင်းကို ကျနော်က ဒီအခွေမှာ ပြန်ပြီးတော့ ဆိုထားပါတယ်။”

စောထ ဖောင်ဒေးရှင်း ရန်ပုံငွေအဖြစ် ဖြန့်ချီရောင်းချပြီး ရရှိငွေကို စောထစခန်းမှာ ကျဆုံးခဲ့တဲ့ ရဲဘော်မိသားစုတွေရဲ့ ပညာရေး ကျန်းမာရေးအတွက် ထောက်ပံ့ကူညီမှာ ဖြစ်ပါတယ်။

သတင်းရင်းမြစ် http://burmese.dvb.no/news.

No comments:

Post a Comment