.... ယယသို့.....
ကောင်မလေးရေ
နွေကဗျာကိုရွတ်
မိုးသီချင်းကိုဆို
ဆောင်းပန်းပုကို ဖက်တွယ်
ယယရေ
ငါ့အတွက်တော့
အန္တိမကဗျာရွတ်
ကမ္ဘာမကြေ သီချင်းဆို
စွန့်လွှတ်ခြင်းကို....။
လိုချင်တာမရသရွေ့
ရွတ်-ဆို ဖက်တွယ်၊ ငါရယ်ပေါ့။
သို့ပေမယ့်
နင့်ကိုနင်သွန်းထု
ဆောင်းပန်းပု
အေးစက်ကျောက်ဆစ်ရုပ်
မလှုပ်မယှက်
ငါ့ကျောဘက်မှာ နေရစ်ခဲ့ပေါ့။
ကြခတ်(ရင်း ၈)
မေ-၅၊၂၀၀၇ သစ္စာ တော်လှန်ရေး စာပေမဂ္ဂဇင်း
အမှတ် (၁၅)၊ နိုဝင်ဘာလ၊ ၂၀၀၇
(ကြိုက်လှတယ်တော့ မဟုတ် သိုပေမယ့် အမှတ်တရဆန်တယ် ပထမဦးဆုံး စာမျက်နှာပေါ်ရောက်တဲ့ ကဗျာ လေးမို့လို့ပါ... ကျနော်ရေးတာအမှန်က တမျိုးပါ အယ်ဒီတာရဲ့ အာဘော်မကင်း ခံလိုက်ရတဲ့ ကဗျာပေါ့ ၀မ်းနည်း ၀မ်းသာဆိုတာ ဒါမျိုးထင်ပါရဲ့ ဘယ်လိုခံစာမှုမျိုးနဲ့ နှိုင်းရမလဲ ကိုယ့်သားသ္မီးကိုကျောင်း အပ်လိုက်သလိုပေါ့ "ဆရာရယ် ရိုက်နှက်ဆုံးမလို့ရပါတယ် မသေရင်တော်ပါပြီ" ဆိုတာမျိုး ကျောင်းဆရာတယောက်ရဲ့ လက်ထဲကို အပ်လိုက်ရသလိုပါပဲ...)
photo by anormar.ning.com
No comments:
Post a Comment