Wednesday, February 24, 2010

ဗွီဒီယိုဇာတ်လမ်းတခုထဲက ပုံပြင်လေးပါ




 
ဟိုးရှေးရှေးတုန်က အရည်ရွှမ်းပြီး ချိုးအေးမွှေးဆိုတဲ့ သတ္တိနဲ့ ပြည့်စုံတဲ့ ကြံခင်းကြီးတခုတည်းမှာ ကြွက်တွေဟာ ရာနဲ့ ချီပြီးမှီတင်းနေထိုင်ကြသတဲ့....မကြာခင်မှာပဲ အဲဒီကြံခင်းထဲကို ဆင်ကြီးတကောင်ရောက်လာပြီး ကြံခင်းကြီးကို အပိုင်ဆီးပါလေရောတဲ့....အဲသည့်ဆင်ကြီးသောင်းကျန်းလွန်းလို့ ကြွက်တွေ အသေအပျောက်များပြီး စာနပ်ရိက္ခာတွေလည်း ရှားပါးလာသတဲ့...

ကြာတော့ကြွက်တွေမခံနိုင်ဖြစ်ပြီး ဆင်ကြီးရန်ကို တွန်းလှန်ဖို့ တခါးပိတ်အစည်းအဝေးလုပ်ကြတယ်....ဒီအစည်အဝေးမှာ အင်အားချင်းမမျှပေမယ့် အသေခံရဲတဲ့ ကြွက်ကိုမန်ဒို လေးငါးကောင်ကို ရွေးပြီး ဆင်ကြီးနှာမှောင် ထဲဝင်ကိုက်မယ့် မဟာဗြူဟာကို ချမှတ်ခဲ့ကြတယ်....

အစီအစဉ်တွေဆွဲပြီးတညမှာ ကြွက်တွေကဆင်ကြီးကို အလစ်ဝင်တိုက်ကြတာပေါ့....ဒါပေမယ့်မလွယ်ဘူးလေ ဆင်ကြီးက သူနားလာသမျှကြွက်တွေကို အကုန်နင်းခြေသတ်ပြစ်တာပေါ့....

ဆင်းကြီးရဲ့နှာမောင်းပေါ်ရောတဲ့ ကြွက်တွေလည်း မသက်သာပါဘူး အရှိန်နဲ့ လွှဲရမ်းခါချပစ်လို့ အနိမ့်ပိုင်းက ချိုင့်ထဲကို အကုန်ပြုတ်ကျကုန်သတဲ့...ဒီလိုနဲ့ ကြွက်ကိုမန်ဒိုတွေနဲ့တင် မလုံလောက်ဘူးဆိုတာကို သိလာတဲ့ အတွက် ကြွက်တွေအားလုံးဟာ တော်လှန်ရေးမှာ ပါဝင်လာကြရတော့တာပေါ့....

ဒါပေမယ့် အင်အားချင်မမျှတော့ မနက်လင်းတာတောင် ဆင်ကြီးကို မနိုင်ကြဘူးတဲ့.... ဒီအချိန်မှာ ဆင်နင်းခံရပြီး အသက်မြော့မြော့လေး ကျန်တော့တဲ့ ကြွက်တကောင်က နှာမောင်းနဲ့ ခါချခံရတဲ့ ကြွက်တွေ ဘယ်လိုစခန်းသိမ်း သွားသလဲဆိုတာ သိချင်လို့ အနိမ့်ပိုင်းက ကြွင်းကြီးနားကို တရွှေ့ရွှေ့တိုးသွားသတဲ့...

ကြွင်းထဲ့က ကြွက်တွေရဲ့အဖြစ်ကို မြင်လိုက်ရတဲ့ သေငယ်ဇောနဲ့ မြောနေတဲ့ ကြွက်ကလေးဟာ အခါတရာ ပြန်သေ ချင်စိတ်ပေါက်သွားသတဲ့... ဖြစ်ပုံက ကြွင်းထဲကကြွက်တွေဟာ ဆင်ကြီးချိုးဖဲ့လွင့်ပစ်ထားတဲ့ ကြံတွေကို အေးအေး ဆေးဆေးစားသောက်နေကြတာကို တွေသွားသတဲ့....

ဒီတော့ "မင်းတို့လုပ်ရက်လိုက်တာကွာ" လို့ပြောမိသတဲ့ ကြွင်းထဲက ကြွက်တွေကလည်း "ဆင်ကြီးက..အဲထဲကကြံတွေကို မတောင်းမတ မကြောင်မကြနဲ့စား ပြန်တက်လာရင် နင်းသတ်မယ်" ဆိုလို့မကြောင်း မကြဘ၀မှာအေးအေး ဆေးဆေး စားသောက်နေရလို့ ပြန်မတက်လာမိတာပါလို့ တောင်းပန်သတဲ့...

အဲတော့မှာပဲ အသက်ငင်နေတဲ့ ကြွက်ကလေးဟာ ဘ၀ တရာ သေဆုံးသွားသတဲ့.....(ရောက်လေရာဘ၀မှာ အဲ့သည့် အဖြစ်ဆိုးကို ပြန်သတိရပြီး သတိရတာနဲ့ တခါထပ်သေဆုံးရတယ် ဆိုတဲ့ အဖြစ်...)




photo by www.ornl.gov

No comments:

Post a Comment