"ငါတို့အသက်တွေနဲ့ ရင်းခဲ့ရတာ..... ခုတော့ငါတို့ကိုမေ့ပြီး"
"ချစ်သူများနေ့ကို ပိုစိတ်ဝင်စားတယ်ပေါ့ "
"ဟုတ်လား.....?"
မြန်မာနိုင်ငံ၏ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ကိုကျော်ပြီး ချစ်သူများနေ့ (Valentine's day) ကို ပြည်တွင်း ပြည်ပရှိ မြန်မာလူငယ် အများစုက စိတ်ဝင်တစား စောင့်မျှော်နေ ကြသည်။
အထက်ပါသတင်းကတော့ ဧရာဝတီသတင်းဌာနကို ကျနော်ဝင်ဖတ်တုန်းက တွေ့လိုက်ဖတ်လိုက်ရတာပါ။
အင်မတန်ဝမ်းနည်းဖို့ကောင်းပါတယ်... ဗမာပြည် နှစ်ပေါင်းတရာကျော် နည်ချဲ့လက်အောင်မှာ နစ်မြုတ်နေ တာကို ဆွဲတင်ပေးခဲ့ပြီး၊ ဖက်စစ်စနစ်ဆိုးလက်ကနေ တိုင်းပြည်ကို ပြန်လုပေးခဲ့တဲ့ အမျိုးသားခေါ်င်းဆောင် ကြီးတဦးကို အခြားသော တိုင်းပြည်တွေက လူတွေ မေ့ချင်မေ့ကြပါ.. အသိအမှတ်မပြုချင်နေကြပါ...ဒါပေ မယ့် ကိုယ့်တိုင်းပြည်က လူတွေ ကိုယ့်လူမျိုးတွေက မေ့တယ်ဆိုတာတော့ ကြွေဖို့ကောင်းပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့ မှာမကွေးတိုင်း၊ နတ်မောက်မြို့မှာ မွေးဖွားခဲ့ပြီး။ ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်နာမည်ကတော့ မောင်ထိန်လင်းဖြစ်ပါတယ်။ နယ်ချဲ့ ကိုလိုနီ နှင့် ဖက်ဆစ်ဂျပန် တို့ရဲ့ လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ဦးဆောင် တိုက်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။
၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ အသက် ၃၂နှစ် မှာတော့ အာဏာရူးတစုရဲ့ လုပ်ကြံခံရပြီး ကျဆုံးခဲ့ရပါတယ်။
ဒီနေ့ကိုပဲ မြန်မာနိုင်ငံကလေးများနေ့ ဆိုပြီးသတ်မှတ်ခဲ့ပါသေးတယ်။
ဘာပဲပြောပြော ဗိုလ်ချုပ်ဟာ ကျနော်တို့ရဲ့ ကျေးဇူးရှင်ပါ...
ကျေးဇူးရှင်ကို ကျေးဇူးဆပ်ရာရောက်အောင် တိုင်ပြည်အကျိုးရှိမယ့် လုပ်ရပ်တွေကို သာ လုပ်ကြဖို့ တိုက်တွန်းရင်းနဲ့
အင်တာနက်ပေါ်က ဗိုလ်ချုပ်နဲ့ ပါတ်သက်သမျှတွေကို ကျနော်နိုင်သလောက် စုပြီး
ဒီပို့စ် လေးကို ဖန်တီးလိုက်ပါတယ်။
မူလတင်ထားတဲ့ ကာယကံရှင်တွေဆီမှာ ခွင့်မတောင်ဘဲတင်လိုက်တာကိုတော့ နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဒါကတော့ ကျနော်စုဆောင်းရှာဖွေရသမျှ ဗိုလ်ချုပ်နဲ့ ပါတ်သက်တဲ့ ပုံတွေပါ။ နောက်ထပ်ရရင် ထပ်တင်ပါဦးမယ်။
No comments:
Post a Comment