Friday, August 3, 2012

တနေ့...နေ့



ခရေပွင့်လေး ၀ဲလွင့်သလိုမျိုး
ကြွေသက်လာခဲ့တယ်
ဒီရင်ထဲကိုပေါ့....။

ပုံသဏ္ဍာန်စုံ တိမ်တွေကို စီးနင်းရင်း
မြို့ငယ်လေးဆီက
ထွက်သွားတော့မယ်ပေါ့လေ...။

မငိုပါနဲ့....မငိုပါနဲ့လားကွယ်
ခွဲခွာခြင်းဆိုတာ
လေယာဉ်ကွင်းမှာရှိသလို
ဆိုက္ကားဂိတ်မှာလဲရှိတယ်
(ယုတ်အဆွဆုံး)
ထိုင်နေကြ
လ္ဘက်ရည်ဆိုင်လေးမှာတောင် ရှိရဲ့....။

လှုပ်ခတ်မှုလေးတောင် မဆုံးတတ်သေးဘူး
ထွက်သွားတော့မယ်ပေါ့လေ
ဟင့်အင်း...ရယ်လို့..ငြင်းချင်သေးတယ်...။

ယုံကြည်ခွင့်ပြုပါ ယုံကြည်ခွင့်ပေးပါ
အိပ်မက်တွေတိုင်း
ဘုံဘ၀တွေတိုင်း ပြန်ဆုံကြမယ်လို့လေ...။  ။

ကြခတ် (August 03 2012)

No comments:

Post a Comment