Thursday, October 6, 2011

နှလုံးသာ ကျောက်စာ

 
 
အချိန်တွေ တိုက်စားသွားတဲ့အခါ တဖျဖျကျနေတဲ့ မိုးရေတွေနဲ့အတူ
ငါ့ကိုယ်ငါ စိမ့်ဝင် ပျောက်ဆုံးသွားမှာပါ
အဲဒီအခါမှာ တင်ကျန်ရစ်နေမှာ
ငါ့နှလုံးသားက ကျောက်စာ တချပ်ပါ

1. ကောင်မလေး တယောက်ကို ချစ်ခဲ့မိကြောင်း (သူကပြန်မချစ် ကြောင်းတော့ အားလုံးသိနေတာပဲလေ)၊
2.အားလုံးကို ပျော်ရွှင်စေခဲ့သူ (တယောက်တလေကိုတော့ ငိုအောင်ပြုခဲ့မိသူ)
3.အားလုံးကိုယ်စား အပြစ်တွေကို တဦးတယ်ခံယူလိုသူ။
4.တခါတလေ ဒေါသကြီးတတ်ပြီး တခါတလေ နူးညံနေတယ်သူ
5.အကူအညီလိုသူကို မောင်နှမကဲ့သို့ သဘောထားလျှက် (တဖက်သတ်ချစ်နေရသူ ကိုပင်) ကူညီပေးသူ။
6.တနှစ်တခါ သွေးလှူတတ်သူ။
7.အတွင်းစိတ်၏ သိမ်ငယ်မှုကို ဖုံးကွယ်သောအားဖြင့် မာန်တင်းထားသည်ကို မာနကြီးသူဟု အထင်မှားခံရလေ့ရှိသူ။
8.ဘ၀တခုလုံးကို တစုံတခုသော ယုံကြည်ချက်အတွက် သံသရာတလျှောက် လုံးအတွက် ပူဇော်ထားသူ။
9.ချစ်သူကိုယ်တိုင်က ရုပ်ဆိုးတယ်ဟု သတ်မှတ်ခံထားရသောသူ။

အချိန်တွေ ဘယ်လောက်ကုန်သွားပါစေ လူသားဆိုတဲ့ လူသားရဲ့ အတ္တကတော့ မည်သည့်အခါမျှ ကိလေသာမကုန်မချင်း ၄င်းလည်း ကုန်လိမ့်မည်မဟုတ်... ထိုကြောင့် အကျွန်ုပ်သည်.. မိမိ ကိုယ်ကိုတောင် ခွင့်မလွှတ်ဖူးသော ခွင့်လွှတ်ခြင်းဖြင့် ခွင့်လွှတ်လိုက်သည်။ အကျင်သူတို့ ပျော်ပါစေ....

ကြခတ် (ရင်း-၈)

No comments:

Post a Comment