Monday, March 28, 2011

၉၆ မကရ ရာသီဖွား



၉၆ မကရ ရာသီဖွား

ချိုပေါ့ကျတခွက်နဲ့ ဒီမနက်မှာ
အငဲက အလင်းနှစ်များစွာ ဝေးလွန်းတယ်တဲ့
လူငယ်ပီဘိ စားပွဲခုံကို ဒရမ်လုပ်တီး
ပါးစပ်က လိုက်ညည်းမိတယ်
ဒီလိုပဲ အလွမ်းဖြေရတာပေါ့.....။

ဒေါင်ထိုင်မယ်
ကဗျာအကြောင်းစာအကြောင်း
 ဟိုအကြောင်း သည်အကြောင်း
ရောက်တက်ရာရာ ပြောမယ်
ဒီလိုပဲ အလွမ်းဖြေရတာပေါ့.....။

မိုးတစိမ့်စမ့်နဲ့ ညဆိုရင်
ဂစ်တာကိုပိုက် တေးအလိုက်တွေ
မှတ်မိအောင် ထပ်တလဲလဲတီးမယ်
ဒီလိုပဲ အလွမ်းဖြေရတာပေါ့.....။

မကရရာသီဖွား ငါ့အတွက်တော့
အမေ့ကိုလွမ်းကြောင်း မပြောဘူး
မိသားစုကို လွမ်းကြောင်း မရေးဘူး
ကျောင်းတော်ကြီးကို လွမ်းကြောင်း မတိုင်ပင်ဘူး
ရာသီစာတွေကို လွမ်းကြောင်း မဖွင့်ဟဘူး
တိုးတိုး ဖွဖွ
ရင်ထဲမှာပဲ မြိုချထားမယ်
ဒီလိုပဲ အလွမ်းဖြေရတာပေါ့.....။

ကြခတ် (ရင်း-၈)

No comments:

Post a Comment