Sunday, June 6, 2010

“နှစ် (၆၀) ထဲက မသေတဲ့လူသား”

ကျနော့်ဘော်ဘော်တွေမှာ...ချစ်ခင်စရာလေးစားစရာ...လူတွေရှိပါတယ်..အသည့်အထဲက.. ကျနော်လေးစားရတဲ့...အဘတိတ် (ABSDF) ရဲဘော်ကြီး (ခုထက်ထိတိုက်ပွဲဝင်နေဆဲ) နှစ်
၆၀ ပြည့်မွေးနေ့ အတွက်ဂုဏ်ပြု စပ်ဆိုလိုက်တာပါ...။

နောက်တခုက သေပြီးမှ သူတို့ရဲ့ဂုဏ်ပုဒ်တွေကိုဖွဲ့တာဟာ "မိဘကို မသေခင်လုပ်ကျွေး သေမှငိုမနေပါနှင့်" လို့ ဆိုတဲ့ ဗမာ စကားပုံနဲလည်း မညီပါဘူး...ဒါကြောင့် မိဘလိုတမျိုး၊ ရဲဘော်ရဲဘက်လို့ တဖုံခင်မင်ရတဲ့ ရဲဘော်ကြီးအဘတိတ်ကို ချစ်ခင်လေးစားလျှက်....။


ကြခတ် (ရင်း-၈)
Tuesday, May 18, 2010


လေးဘက်လုံထဲ
ပုန်ကန်ရဲသူတွေနဲ့ ကျောကိုကျောကပ်
အိပ်တတ်ခဲ့ပြီး
မြှစ်ချိုး၊ မှိုရှာ
(တရားမျှတမှု အတွက်)
ကျွန်းဝဲ ဖြစ်သွားရှာသူတွေနဲ့
ရင်ကို ရင်ချင်း အပ်နှင်းခဲ့တယ်။

စစ်ရဲ့ အဓမ္မထွက်ကုန်တွေကို
အော့နှလုံးနာတတ်ပြီး
(ရ၄) မှာရင်ခုန်
(၈၈) မှာမေတ္တာသင်းထုံခဲ့သူ ဖြစ်တယ်။

ယ္ခု...ထိ.. ဓါးသွားထက်တုန်း
လှံသွား မြတုန်း။

သူ့မှာ မျက်မှန်၊ စက်ဘီး
ယုံကြည်ချက် ခရီးအတွက်
မက်မက်စက်စက်ကြီးကို
လျှောက်လှမ်းနေဦးမှာ အသေအချာ။ ။


ကြခတ် (ရင်း-၈)



Photo by :http://s898.photobucket.com

No comments:

Post a Comment