ရန်ကုန်မှာ မိုးရွာတယ်။ ဒါပေမယ့် မဖြစ်စလောက်ပါပဲ။ သတင်းတွေထဲမှာ ဘတ်ရသလောက်တော့။ မုန်တိုင်း တောင်ဝင်ဦးမယ်ဆိုပဲ။ ပြဿနာပဲနော့် ဗမာပြည်ကြီးလည်းဗျာ ဘယ်လိုကပ်ဆိုးတွေနဲ့ တိုးနေမှန်းကိုမသိ တော့ပါဘူး။
အုပ်ချုပ်တဲ့ငတိတွေကလည်း သောက်ရမ်း။ ရာသီဥတုကလည်း လေပြင်းတွေတိုက်၊ ရေတွေကြီး၊ ခု နေကတ အားပူပြီး ရေတွင်းရေကန်တွေ ခန်းခြောက်ပြီး လူတွေသုံးဖို့မပြောနဲ့ သောက်ရေတောင် ငတ်ကုန်ပြီ။ အညာ ဖက်မှာဆို ထ္မင်းကြိုက်သလောက်စား ရေတော့မတိုက်နိုင်ဘူးတဲ့ဗျာ ဆိုးလိုက်တာ။
ဒီကြားထဲ ခွေးကတက်က ဖိနပ်တက်လျှက်မဲ့ အကောင်တွေကလည်း တမှောက်ဗျာ ဘာတဲ့ ခွပ်ဒေါင်းအလံ ကို ကြယ်ဖြူ (၁၄) လုံးရံတဲ့အလံကို ပါတီရဲ့အလံအဖြစ်သတ်မှတ်သတဲ့။ ရူးပုံများ ကျုပ်လည်းဗျာ လျှောက် ဖတ်ရင်းနဲ့ စိတ်အချဉ်ပေါက်လာတာနဲ့ ရေးလိုက်မိတာ။ ဘယ့်နှယ့်ဗျာ လူတွေကပူပြီး ရေငတ် အပူရှိန်ကြေင့် ကိုယ်ဘယ်တော့သေသွားမလဲ ဆိုတာကို ကြည့်နေရတဲ့ အချိန်မှာ ဒီသောက်ရေးမပါတဲ့ ကောင်တွေက တ မှောက်လို့တော့တွေးမိသား။
ကျုပ်ဖြစ်စေချင်တာကတော့ဗျာ အခုအချိန်မှာ အရေးကြီးဆုံးကတော့ ဒုက္ခရောက်နေတဲ့လူတွေကို တတ်နိုင် တဲ့ဘက်က ကူညီ။ ဒုက္ခရောက်တဲ့ လူတွေကိုကူညီတဲ့ သူမှန်သမျှ ကျနော့်ရဲ့ရဲဘော်ရဲဘက်။ ဒုက္ခရောက်နေ တဲ့သူတွေကိုလည်းမကူညီ ဘေးကလည်း အေးဆေးထိုင်မကြည့်ပဲ ကူညီနေတဲ့သူတွေကိုတောင် အနှောက် အယှက်ပေးသေးတယ် သောက်ကမျင်းမသားတွေကိုတော့ လုံးဝရန်သူလို့သတ်မှတ်တယ်။
လောလောဆယ်တော့ဗျာ ကျနော်ကဗျာရေးလို့မရသေးဘူး စကားပြေပဲ ရေးချင်နေတယ်။ ဒါပေမယ့် ရေးမရ ပါဘူးဗျာ ကိုယ့်မိခင်ရင်ခွင်ထဲက မိသားစုတွေ ရေတွေငတ် အပူရှိန်ကြောင့် တဖြုတ်ဖြုတ်သေနေတဲ့ သတင်း တွေကြားရတော့ ဘယ်လိုမှ မနေနိုင်တော့ဘူး။ အဲတာကြောင့်တတ်နိုင်တဲ့ ဘက်ကကူညီမယ်လို့ စိတ်ကူရ တာနဲ့ ဒီပို့စ်လေးကို ရေးလိုက်ရတာပါ။
ဒေါသတွေပါသွားခဲ့ရင် ခွင့်လွှတ်ပါလို့ တောင်းပန်ပါရစေ။
ဓါတ်ပုံတွေကိုတော့ ဖေါ်ဝပ်မေးလ်မှ ရရှိတာပါ ပို့ပေးတဲ့ သူငယ်ချင်းများကို ကျေးဇူးအထူးတင်လျှက်
ကြခတ် (ရင်း-၈)
No comments:
Post a Comment