Labels
- ၀တ္ထု
- ၀တ္ထုတို
- ရုပ်ရှင်
- ရုပ်ရှင် သတင်း
- ရုပ်သံ သတင်း
- E book
- English
- ကဗျာ
- ကွန်ပြူတာနည်းပညာ
- ကျနော့်ချစ်သူ
- ခရစ်တော်
- ဂီတ သတင်း
- စာပေ သတင်း
- တိုက်တွန်းနှိုးဆော်ချက်
- ဓါတ်ပုံ
- ပညာရေး သတင်း
- ပုံပြင်
- ဘာသာရေး သတင်း
-့ မြ၀တီ တိုက်ပွဲ
- လူမှုရေး သတင်း
- သတင်း
- သတင်းဟင်းလေးအိုး
- သီချင်း
- ဟာသ
- အင်တာနက် သတင်း
- အထိမ်းအမှတ်များ
- အံသြစရာများ
- အသံ
- ဆေးလိပ်နှင့်ပတ်သက်သော
- ဆောင်းပါး
- ထေရုပ္ပတ္တိ
Wednesday, April 7, 2010
ပိတောက် ပွင့်တဲ့ ရာသီ
ဒီရာသီဆို
ပိတောက်တွေပွင့်ပြီး
ရင်တွေခုန်စေမယ့်
တူးပို့ သံစဉ်တွေ သောသောညံလို့
ငွေရည်ဖွဲ့ တိမ်တွေလို
အပျော်တွေ ရွာချပြီး
ပန်းဆက်ဖို့အတွက်
ကိုဗျတ္တလက်သစ်တွေမွေးဖွားတဲ့ ရာသီပေါ့
မိုးတဖြန်း လေအနမ်းမှာ
အပျိုမလေး ရှက်သွေးဖြန်းသလို့
ပွင့်လန်းလာတဲ့
သည် ပိတောက်တောက်တွေ
ရနံကြိုင်လှိုင် ခြင်းနဲ့အတူ
ဗျတ္တမဖြစ်ခဲ့ရသူတွေ နောက်
ပိတောင် မပွင့် သင်္ကြန်အစစ်နဲ့
ဝေခဲ့ရသူတွေ လွမ်းဆွတ်ရတဲ့
ရာသီပေါ့....။
မျှော်နေသူ ပိတောက်ပင်အောက်
ဒီအတာ အရောက်လာမယ်ဆိုပြီး
မျော်လင့်သူခမျာ
စာအုပ်ကြားထဲညှပ်ထားတဲ့
ပိတောက်ပန်းခြောက်လေး
တသသ မွှေးလို့...
ဘယ်တော့ရောက်လာမယ်ကို
အတိအကျမသိတဲ့ ချစ်သူကို
မျော်ကိုးရင် ပိတောက်ပန်းတွေ
ခြောက်သွားပြန်ပြီကွယ်....။
ကြခတ် (ရင်း-၈)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment