ဆော့ဝဲမလိုတဲ့ ဖိုင်ဖွက်ခြင်း ၂ Window XP
သူများရေးပြီးသားပါပဲ ကျနော့်သူငယ်ချင်းတွေ ကိုစုံလင်သွားအောင် ရေးပေးခြင်းပါ... တကယ်တော့ ကျနော်လည်း ပညာရှင်လားဆိုတော့မဟုတ်ပါဘူး။ လေ့လာဆဲ သင်ယူဆဲ....
ဒီတခါတော့ သူငယ်ချင်းတို့ကို ဆော့ဝဲမလိုတဲ့ ဖိုဒါဖွက်နည်းတခု မျှပေးချင်ပါတယ်။
သိပ်တော့အခက်အခဲမရှိပါဘူး။ ပထမဆုံး သူငယ်ချင်းတို့ရဲ့ ကွန်ပြူတာ Desktop ပေါ်မှာ Right click လိုက်ပါ New folder ကိုယူလိုက်ပါ.......
file name ပေးတဲ့အချိန်မှာ Alt+255 ကိုရိုက်ထည့်ပေးလိုက်ပါ။ ဒီလိုလေး ပေါ်လာပါလိမ့်မယ်
နောက်တဆင့်အနေနဲ့ ဒီ folder လေးကိုပဲ Right ckick ပေးပြီး properties ကိုသွားလိုက်ပါ
Customise ကိုဆက်သွားလိုက်ပါ
Change Icon ကိုဆက်သွားလိုက်ပါ
အလွတ်နေရာမှာ ကျနော်ပေးထားသလို တချက် ckick ပေးပြီး 0k ပေးလိုက်ပါ နောက် 0k ထပ်ပေးလိုက်ပါ
ဒီလိုလေး ပေါ်လာပါလိမ့်မယ်
အဲတာလေးပေါ်နေတာဟာ သူ့ပေါ်ကို ကွန့်မန်းပေးထားလို့ပါ မပေးထားရင်တော့ လုံးဝကို မြင်ရမှာမဟုတ်ပါဘူး...
ကောင်းတာကတော့ ဖိုဒါ တခုထဲမှာ
ဒီလိုထည့်ထားလိုက် ပါ... အဲနေရာကို သွားမထောက်မချင်း ဖိုဒါ ရှိနေတယ်ဆိုတာ ကိုဘယ်သူမှ မမြင်ရ တော့ပါဘူး။ သူငယ်ချင်း ဖွက်ထားချင်တဲ့ ဖိုင်တွေ ဓါတ်ပုံတွေ ထည့်ထားလိုက်ပေတော့။ တခုတော့ ရှိတယ်နော် ကိုယ်ထားတဲ့နေရာကိုတော့
မှတ်ထားဖို့လိုပါတယ်။
No comments:
Post a Comment