Sunday, February 14, 2010

ချစ်သူများနေ့ ကိုဖြတ်သန်းခြင်း




photo by www.bakfiets-en-meer.nl/
ဒီလိုနဲ့

နေထွက်နေ၀င်
စက်ဘီးလေး စီးရတဲ့ ညနေပိုင်းလေး။

နောက်မကျပေမယ့်
နောက်ကနေခဲ့ရတယ်
လောကရဲ့ မမျှမတဖြစ်ပုံများ။

ဘယ်လိုယှဉ်ယှဉ်ပါ
ဘယ်နေရာယှဉ်ယှဉ်ပါ
အများသုံးနေကျ
မသုံးတတ်တဲ့ကောင်လေ..။


ချိန်းခဏခဏ ကျတတ်တဲ့
(အများပိုင်) စက်ဘီးလေးကိုလည်း
ချိန်း ကိုပြန်မတင်ဖြစ်တော့တဲ့ အကြောင်း
ညနေတိုင်း ညနေတိုင်း ခတ်နေကြခြင်းဝိုင်းကိုလည်း
မသွားဖြစ်တော့တဲ့ အကြောင်း..

ပြောနေကျ စကားတွေကိုလည်း
လူစုံတက်စုံဖြစ်လာတဲ့ အခါတိုင်း
စကားဝိုင်းဖြစ်တဲ့ အခါတိုင်း
ယစ်ရွှေရည်လေး အာစွတ်မိတဲ့ အခါတိုင်း
မပြောဖြစ်တော့တဲ့ အကြောင်း..

အရာရာ
တိတ်ဆိတ် ငြိမ်းချမ်းမှုတွေရှိလာတဲ့အခါ
လောက မှာ ငွေကလူကို မနိုင်စားတော့တဲ့ အခါ
(ငွေလေးရှိရုံနဲ့) အနိုင်ကျင့်တတ်တဲ့ မျက်လုံးတွေ မရှိတော့တဲ့ အခါ
ငွေကလွဲ ရင်ကျန်တာအကုန်ရှိတဲ့...
ပြီးတော့ .....


ဒီလိုနဲ့
နောက်ကျပုံများ
ချိန်းခဏခဏ ကျတတ်တဲ့
(အများပိုင်) စက်ဘီးလေးကိုလည်း
ချိန်းပြန်မတင်ဖြစ်လိုက်ဘူး.....
နောက်...
ကဗျာလေးကိုလည်း အဆုံးမသတ်ချင်တော့တဲ့အကြောင်း
တနေ့နေ့တော့  ပြောဖြစ်အောင် ပြောရဦးမယ်...။  ။

ကြခတ် (ရင်း-၈)

No comments:

Post a Comment